ဆန်တီယာဂို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အဆိုပြုထားသော ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ဘိုလီးဗီးယားနိုင်ငံမှ ပါဝင်ဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံက ကျေးဇူးတင်ကြောင်းနှင့် နယ်ပယ်ပေါင်းစုံ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။