ဝါရှင်တန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယားပြည်နယ်အတွင်းရှိ အမြန်လမ်းမတစ်ခု၌ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက အစုလိုက်အပြုံလိုက် ကားတိုက်မှုတစ်ခု ဖြစ်ပွားရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အမြောက်အများထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Zacatecas ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတွင် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲပိုင်းက ဆူပူမှုများဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၆ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။

ဝါရှင်တန် ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့ရှိ အမေရိကန်သံရုံးတိုက်ခိုက်ခံရပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရတ်နိုင်ငံဝန်ကြီးချုပ် Adel Abdul Mahdi ထံ ဒီဇင်ဘာ ၃၁ ရက်တွင် ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်တွင် ရှုခင်းလှည့်ပတ်ကြည့်ခြင်းခရီးမှ အပြန်တွင် ပျက်ကျသွားသည့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါသွားသူ ခြောက်ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

ဆန်ဖရန်စစ္စကို ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ဘိုးရင်း(Boeing) ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်(CEO)  Dennis Muilenburg သည် ရာထူးမှ နုတ်ထွက်ကြောင်း နှင့် ကုမ္ပဏီ၏ လက်ရှိဥက္ကဋ္ဌ David Calhoun အား အမှုဆောင်အရာရှိချုပ်အဖြစ် ဒါရိုက်တာ ဘုတ်အဖွဲ့က အမည်တင်သွင်းခဲ့ကြောင်း အမေရိကန်နိုင်ငံ၏ လေယာဉ်တည်ဆောက်ရေးကုမ္ပဏီ ဘိုးရင်းက ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ဒီမိုကရက်တစ်ပါတီဦးဆောင်သော အမေရိကန်အောက်လွှတ်တော်တွင် သမ္မတထရမ့်အား အာဏာအလွဲသုံးစားမှု နှင့် ကွန်ဂရက်အား ဟန့်တားမှု တို့ဖြင့်စွပ်စွဲပြစ်တင်ရန် ဒီဇင်ဘာ ၁၈ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဆန်ဖရန်စစ္စကို ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘိုအင်း ကုမ္ပဏီ က ဒီဇင်ဘာ ၁၆ ရက် ၌ ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် အမေရိကန် လေကြောင်းဌာန က 737MAX အမျိုးအစား လေယာဉ် ၏ ပျံသန်း ခွင့် အား ပြန်လည် ခွင့်ပြုပေးခြင်း မရှိသောကြောင့် ကုမ္ပဏီ အနေဖြင့် လာမည့်နှစ် ဇန်နဝါရီလ မှ စတင်၍ ယင်း အမျိုးအစား လေယာဉ် ထုတ်လုပ်မှု အား ရပ်နားသွားမည် ဖြစ်ပြီး ထုတ်လုပ်ပြီးစီး သည် 737MAX အမျိုးအစား လေယာဉ် လွှဲပြောင်းပေးအပ်ခြင်း အား ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယား အနေဖြင့် မည်သည့် ကိစ္စကို မဆို ယတိပြတ် ဖြေကြားခြင်း မပြုဘဲ ညှိနှိုင်းဆဲ ၊ ဆွေးနွေးဆဲဟုသာ ပြန်ကြားနေခြင်းကြောင့် ၎င်းအနေဖြင့် စိတ်ပျက်ရကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဓာတုကုမ္ပဏီကြီးဖြစ်သော DuPont က ထိရောက်ပြီး ကုန်ကျစရိတ်နည်းပါးသော ဆားငန်ရေကို ရေချိုအဖြစ်ပြောင်းလဲထုတ်လုပ်နည်းစနစ်ကို တီထွင်သည့် အစ္စရေးကုမ္ပဏီ Desalitech ကို ဝယ်ယူလိုက်ကြောင်း နှစ်ဘက်ကုမ္ပဏီက ဒီဇင်ဘာ ၁၁ ရက်က ကြေညာလိုက်သည်။

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း နယူးဂျာစီပြည်နယ် ဂျာစီမြို့၌ ဒီဇင်ဘာ ၁၀ ရက်တွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ ရဲအရာရှိတစ်ဦး ၊  အရပ်သား ၃ ဦး နှင့် သံသယတရားခံ ၂ ဦးအပါအဝင် လူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။