ဝါရှင်တန် ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံ “Time” မဂ္ဂဇင်း က COVID-19 ကပ်ရောဂါသည် အမေရိကန်နိုင်ငံ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းသားအနည်းဆုံး ၂၇၅,၀၀၀ ဦး ရောဂါ ကူးစက်ခံခဲ့ရကြောင်း ၊ ယင်းရောဂါဖြင့် အကျဉ်းသားပေါင်း ၁,၇၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း နှင့် ယင်းမှာ အမေရိကန်နိုင်ငံ အကျဉ်းထောင်စနစ်အပေါ် ပြင်းထန်သည့် ထိုးနက်မှု တစ်ခု ဖြစ်စေခဲ့ကြောင်း လတ်တလောရက်ပိုင်းအတွင်း သတင်းရေးသားဖော်ပြခဲ့သည်။

နယူးယောက် ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)   ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြည်သူများ ၂၀၂၀ ပြည့်နှစ်၏ ခရစ္စမတ်ပွဲတော် မတိုင်မီ သွားလာလှုပ်ရှားနေသည့်မြင်ကွင်း နှင့် ခရစ္စမတ်ပွဲတော် အတွက် အလှဆင်ထားမှုများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ခရစ္စမတ်ရာသီရောက်ရှိလာပြီး နှစ်သစ်ကူးအချိန်အခါ နီးကပ်လာသည်နှင့်အမျှ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင်လည်း ပွဲတော်၏ အငွေ့အသက်များနှင့် ပြည့်နှက်နေပါသည်။ သို့သော် အမေရိကန်နိုင်ငံ၏ ကပ်ရောဂါအခြေအနေ လျင်မြန်စွာ တိုးပွားနေခြင်းက ခရစ္စမတ်ရာသီ အတွက် အမှောင်ရိပ်တစ်ခုလိုဖြစ်စေခဲ့သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်း ၊ လူမှုရေးအကွာအဝေးကိုထိန်းသိမ်းခြင်း ၊ အခန်းတွင်စုဝေးမှုကို လျှော့ချခြင်း စသည်တို့ဖြင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုပြုလုပ်ကာ ၂၀၂၀ ပြည့်နှစ်၏ ထူးခြားသည့် ခရစ်စမတ်ရာသီကို ဖြတ်သန်းနေကြပါသည်။  (Xinhua)

-------------------------------------
(Chinese Version)
新华社照片,纽约,2020年12月23日
    (国际)(1)纽约:疫情下的“非常”圣诞季
    12月22日,在美国纽约,一名女子为孩子整理口罩。
    随着圣诞节和新年临近,纽约节日气氛渐浓,但美国新冠疫情加速蔓延给这个圣诞季蒙上了一层阴影。佩戴口罩、保持社交距离、减少室内聚集等防疫措施下,人们正度过一个“非常”圣诞季。
    新华社记者 王迎 摄

ဝါရှင်တန် ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် ၏ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် COVID-19 ရောဂါဆိုင်ရာ နောက်ဆုံး စာရင်းပြုစုချက်အရ နိုင်ငံအတွင်း ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၈ သန်းကျော် အထိ ရောက်ရှိလာကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၁ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ၁၈ နာရီ ၂၂ မိနစ် တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အမေရိကန်နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၈,၀၀၆,၀၆၁ ဦး အထိ ရောက်ရှိလာခဲ့ပြီး COVID-19 ရောဂါ ကြောင့် သေဆုံးသူ စုစုပေါင်း ၃၁၉,၁၉၀ ဦး အထိ ရောက်ရှိလာခဲ့သည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ နှင့် သေဆုံးမှု အများဆုံးဖြစ်ပွားသည့် နိုင်ငံဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်အထိ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုအများဆုံးဖြစ်ပွားသည့် ပြည်နယ်မှာ ကယ်လီဖိုးနီးယား ပြည်နယ်ဖြစ်ပြီး ကူးစက်ခံရသူ ၁,၉၀၇,၈၄၃ ဦး ရှိကြောင်း ၊ ၎င်း၏ နောက်တွင် တက္ကဆက်ပြည်နယ်ဖြစ်ပြီး ကူးစက်ခံရသူ ၁,၆၀၂,၉၈၈ ဦးရှိကြောင်း ၊ ဖလော်ရီဒါပြည်နယ် တွင် ကူးစက်ခံရသူ ၁.၂၁ သန်းကျော်အထိ ရှိခဲ့ပြီး အီလီနွိုက်ပြည်နယ် နှင့် နယူးယောက်ပြည်နယ်တို့တွင် ကူးစက်ခံရသူ စုစုပေါင်း ၈၅၀,၀၀၀ကျော် အသီးသီး ရှိကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၃ ရက် မှ စတင်၍ နေ့စဉ် COVID-19 ရောဂါ ကူးစက်ခံရသူ ဦးရေသည် နေ့စဉ် တစ်သိန်းအထက်တွင် ရှိခဲ့ပြီး ဒီဇင်ဘာလ သို့ရောက်ရှိလာချိန်တွင် တစ်ရက်တည်း ရောဂါ ကူးစက်ခံရသူ နှင့် သေဆုံးသူ ဦးရေ သည် အဆက်အပြတ် စံချိန်တင်မြင့်တက်လျက်ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာ ၁၇ ရက် ၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၁၇ သန်းကျော် ရှိခဲ့ပြီး ၁၇သန်းကျော် မှ ၁၈ သန်းကျော်သို့ ရောဂါ ကူးစက်ခံရသူ မြင့်တက်လာသည်မှာ အချိန်အားဖြင့် ၄ ရက်သာ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)
#American #COVID-19 #Infection #JohnsHopkins #အမေရိကန် #ကူးစက်မှု #ဆင်ဟွာ #Xinhua
---------------------------------------
(Chinese Version)

(国际疫情)约翰斯•霍普金斯大学:美国累计新冠确诊病例超1800万例

  新华社纽约12月21日电美国约翰斯•霍普金斯大学21日发布的新冠疫情最新统计数据显示,美国累计确诊病例超过1800万例。
  截至美国东部时间21日18时22分(北京时间22日7时22分),美国累计确诊病例18006061例,累计死亡病例319190例。美国是全球累计确诊病例数和累计死亡病例数最多的国家。
  目前,美国累计确诊病例最多的州是加利福尼亚州,为1907483例;其次是得克萨斯州,为1602988例。佛罗里达州累计确诊病例超过121万例,伊利诺伊州和纽约州都超过85万例。
  11月3日以来,美国单日新增确诊病例数连续保持在10万例以上。进入12月,美国单日新增确诊病例数和单日新增死亡病例数加速攀升。
  美国累计确诊病例于12月17日超过1700万例,从1700万例增至1800万例用时仅4天。
  这些数据来自约翰斯•霍普金斯大学新冠病毒研究项目实时汇总的美国各地区数据。(完)

PHOTO
新华社照片,纽约,2020年12月17日
(新华视界)(2)纽约遭遇暴风雪
12月16日,在美国纽约时报广场,行人冒雪前行。
当天,美国纽约遭遇暴风雪天气。
新华社记者 王迎 摄

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံ သမ္မတသစ်အဖြစ်ရွေးချယ်ခံရသည့် ဂျိုးဘိုင်ဒန် က ဒီဇင်ဘာ ၁၇ ရက်၌ ပထမအကြိမ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရင်ဆိုင်ဖြေရှင်းရေးအစိုးရ အဖွဲ့၏ အဓိက အဖွဲ့ဝင် လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ဟာဗားနား ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ကျူးဘားနိုင်ငံ သမ္မတ Miguel Díaz-Canel က အမေရိကန်နိုင်ငံ ဒေါ်နယ်ထရမ့် အစိုးရ အနေဖြင့် လတ်တလောနှစ်ပိုင်း အတွင်း ကျူးဘားနိုင်ငံတွင်း နိုင်ငံရေးအခွင့်အာဏာ တော်လှန်ရေး တစ်ရပ်ဖြစ်ပေါ်လာအောင် ကြံစည်လုပ်ကိုင်ခဲ့ပြီး ကျူးဘားနိုင်ငံမှ နောက်ဆုတ်ပေးမှုများ ပြုလုပ်ပေးရသည့် အခြေအနေ ဖြစ်အောင် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော်လည်း ယင်းမူဝါဒက လုံးဝကျဆုံးသွားပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် COVID-19 ကူးစက်ခံရသူနှင့် ထိတွေ့မှုရှိခဲ့ပြီးနောက် အသွားအလာကန့်သတ်နေထိုင်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

အမေရိကန်နိုင်ငံ ကလေးသူငယ်ကျန်းမာရေးဆိုင်ရာ သိပ္ပံလေ့လာမှုအကယ်ဒမီနှင့် ကလေးဆေးရုံတို့မှ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်၍ အမေရိကန်နိုင်ငံတွင် ကလေးငယ်ပေါင်း ၁.၆၄ သန်းခန့် ရောဂါ ကူးစက်ခံခဲ့ရကြောင်း ၊ ဒီဇင်ဘာ ၁၀ ရက်အထိ တစ်ပတ်အတွင်း အမေရိကန်နိုင်ငံတွင် ကလေးငယ်ပေါင်း ၁၈၀,၀၀၀ ခန့် COVID-19 ရောဂါ ထပ်မံကူးစက်ခံရခဲ့ရပြီး ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တစ်ပတ်အတွင်း ကလေးငယ်ရောဂါ ကူးစက်ခံရမှုအများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ဖော်ပြထားသည်။

နယူးယောက် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံနယူးယောက်မြို့ မန်ဟက်တန်ရှိ ဘုရားကျောင်းတစ်ခု၌ ယနေ့ ဒီဇင်ဘာ ၁၃ ရက်(ဒေသစံတော်ချိန်)တွင် ခရစ်စမတ်ဖျော်ဖြေပွဲတစ်ခုကျင်းပပြုလုပ်နေစဉ် သေနတ်သမားတစ်ဦးက လူအုပ်အနီးပစ်ခတ်မှုကျူးလွန်ခဲ့ရာ ယင်းသေနတ်သမားအား ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ရက် ဘာသာပြန် - ခေါန်ရိန်

COVID-19 ကပ်ရောဂါမှ ပြန်လည်နာလန်ထူလာသည့် ကုန်သွယ်ရေးအချက်အလက်များအရ တရုတ်နိုင်ငံသည် ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကို နှောင့်နှေးစေသည့်ကြားမှ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတွင် ရှေ့ဆက်တိုးတက်လျက်ရှိကြောင်း Fortune မဂ္ဂဇင်းက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။