ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန်

အမေရိကန်နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ၂၀၁၅ ပဲရစ်သဘောတူညီချက် ကို ပြန်လည်ပါဝင်ရန် သမ္မတအမိန့်တစ်ရပ်ကို ဇန်နဝါရီ ၂၀ ရက်တွင် ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ဇန်နဝါရီ ၂၀ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲ၌ သမ္မတအမိန့်များစွာကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ရာတွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း နှာခေါင်းစည်းတပ်ဆင်ရေး စိန်ခေါ်မှုသည်လည်း ၎င်း၏ ပထမဆုံးကိုင်တွယ်မှု လုပ်ငန်းစဉ်များထဲတွင် တစ်ခုအပါအဝင်အဖြစ် ထည့်သွင်းခဲ့သည်။

ဝါရှင်တန်၊ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ အမေရိကန်နိုင်ငံ နုတ်ထွက်ခြင်း အစီအစဉ်ကို ဇန်နဝါရီ ၂၀ ရက်တွင် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် အများပြည်သူများကို လာရောက်ခွင့်ပိတ်ထားသည့် ထူးခြားသည့် သမ္မတရာထူးအပ်နှင်းပွဲ၌ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်၏ ၄၆ ယောက်မြောက် သမ္မတအဖြစ် ဇန်နဝါရီ ၂၀ ရက်တွင် Capitol လွှတ်တော် အဆောက်အအုံ၏ West Front ၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

မကြာမီ ရာထူးမှထွက်ခွာတော့မည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်၌ လေးနှစ်တာကာလနေထိုင်ပြီးနောက် ဇန်နဝါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် နှုတ်ဆက်ပွဲအခမ်းအနားအတွက် Marine One လေယာဉ်ဖြင့် Andrews ပူးတွဲအခြေစိုက်စခန်းသို့ ထွက်ခွာသွားခဲ့ပြီး ယင်းမှတစ်ဆင့် ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ Mar-a-Lago စံအိမ်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

ချီကီမူလာ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဂွါတီမာလာနိုင်ငံ ချီကီမူလာ(Chiquimula)ပြည်နယ် ဟွန်ဒူးရပ်စ်နှင့်ကပ်လျက် နယ်စပ်မြို့ Vado Hondo တွင် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများကို ဂွါတီမာလာ လုံခြုံရေးတပ်ဖွဲ့က ဇန်နဝါရီ ၁၈ ရက်က တားဆီး၍ လူစုခွဲခဲ့ကြောင်း သိရသည်။

ဝါရှင်တန်၊ဇန်နဝါရီ၁၉ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ Capitol လွှတ်တော်အဆောက်အဦမှ များစွာမဝေးကွာလှသော မလှမ်းမကမ်းနေရာတစ်ခုတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ခြင်းကြောင့် လွှတ်တော်ဝင်းတစ်ခုလုံးကို ဇန်နဝါရီ ၁၈ ရက်နံနက်ပိုင်းတွင် ပိတ်ဆို့မှု lockdown ချလိုက်ကြောင်း လွှတ်တော်အမတ်များထံပေးပို့သော လွှတ်တော် ရဲတပ်ဖွဲ့၏ ပေးစာတစ်စောင်တွင် ဖော်ပြထားသည်။

ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဗဟိုအမေရိက နိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူ(၈,၀၀၀)နီးပါးသည် ဇန်နဝါရီ ၁၇ ရက်က ဂွါတီမာလာနယ်နိမိတ်တွင် ခြေလျင်ခရီးနှင်၍ မြောက်ဘက် မက္ကဆီကို နယ်စပ်သို့ ဦးတည်လျှောက်လှမ်းလာကြပြီဖြစ်ကြောင်း သိရသည်။ သူတို့သည် မက္ကဆီကိုမှတစ်ဆင့် အမေရိကန်သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်နေကြသည်။

ဝါရှင်တန်၊ဇန်နဝါရီ၁၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ဝါရှင်တန်ဒီစီမြို့တော်ဝန် Muriel Bower က ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်၏ ကျမ်းသစ္စာကျိန်ဆိုပွဲနီးကပ်လာသည်နှင့်အမျှ မြို့တော်၏ လူနေရပ်ကွက်တွင် ဖြစ်လာနိုင်ခြေရှိသော တိုက်ခိုက်မှုများအတွက် စိုးရိမ်ပူပန်ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

အမေရိကန်နိုင်ငံ ကျန်းမာရေးနှင့် လူသားဆိုင်ရာဝန်ဆောင်မှု ဝန်ကြီး Alex Azar က ဇန်နဝါရီ ၂၀ ရက်တွင် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်းနှင့် အမေရိကန် လွှတ်တော်အဆောက်အအုံ Capitol ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုအပေါ် ရှုတ်ချကြောင်း ဇန်နဝါရီ ၁၅ ရက်က ပေါက်ကြားခဲ့သည့် ၎င်း၏ တရားဝင်နုတ်ထွက်စာတွင် ပြောကြားခဲ့သည်။