ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အောက်တိုဘာ ၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ စက်သုံးဆီလုပ်ငန်းရှင်များကို ရောင်းချပေးမည့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်များ၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များပါဝင်သည့် FX Market Online Trading Platform တစ်ဆင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက်တွင်လည်း ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁,၉၂၂,၅၇၅ အား စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၉ ရက် FX Trading တွင် ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ တိရစ္ဆာန်အစာ၊ ထုပ်ပိုးပစ္စည်းများ၊ သံမဏိ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေများ ဝယ်ယူရရှိခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်
MORE NEWS

မြန်မာ့ရွှေ ၁၂.၆.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ရွှေ ၂၉.၄.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂၄၅ သန်းကျော် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်
Read Full Story

မြန်မာ့ရွှေ ၂၈.၄.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ရွှေ ၂၇.၄.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ရွှေ ၂၇.၄.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ရွှေ ၂၇.၄.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ရွှေ ၂၇.၄.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story
‹
›
