ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (YRIC) က အလုပ်အကိုင် ၆,၇၇၃ ခု ဖန်တီးပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၈ ခုကို အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (ဇွန် ၃၀ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ လုပ်ငန်းသစ် ၈ ခုကို ဇွန် ၂၄ ရက်မှ ၂၅ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပသည့် YRIC အစည်းအဝေးတွင် အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း လုပ်ငန်းသစ် ၈ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းပါဝင်သည့် လုပ်ငန်းခြောက်ခုနှင့် နိုင်ငံခြားသားဖက်စပ်ပါဝင်သောလုပ်ငန်း စက်မှုကဏ္ဍ လုပ်ငန်းနှစ်ခုကို YRIC က ခွင့်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၇.၇၉၁ သန်းဖြစ်ပြီး ၎င်းတို့သည် အထည်ညှပ်ခြင်း၊ ချုပ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်း (CMP) စနစ်တို့ကို အသုံးပြု၍ စက်မှုလုပ်ငန်းနှင့် အထည်ချုပ် ထုတ်ကုန်များကို အဓိကထား လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။
ကော်မတီအနေဖြင့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို လစဉ် ခွင့်ပြုပေးနေကြောင်း သိရသည်။ (Xinhua)
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အလုပ်အကိုင် ၆,၇၇၃ ခု ဖန်တီးပေးနိုင်သော ရင်းနှီးမြှုပ်နှံမှု ၈ ခု အတည်ပြု
MORE NEWS

မြန်မာ့ရွှေ ၁၂.၆.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ရွှေ ၂၉.၄.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂၄၅ သန်းကျော် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်
Read Full Story

မြန်မာ့ရွှေ ၂၈.၄.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ရွှေ ၂၇.၄.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ရွှေ ၂၇.၄.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ရွှေ ၂၇.၄.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ရွှေ ၂၇.၄.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story
‹
›
