ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ၌ မြန်မာ့ခြင်းလုံးအားကစားဖြင့် မြန်မာအမျိုးသားနှင့် အမျိုးသမီး ခြင်းလုံးအသင်းတို့က ရွှေတံဆိပ်ဆုများ ရရှိခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar က သတင်းဖော်ပြထားသည်။
မြန်မာအမျိုးသမီးခြင်းလုံးအသင်းက အိမ်ရှင် ထိုင်းအသင်းကို ၅၀၂-၄၄၆ မှတ်ဖြင့် အနိုင်ယူကာ ခြင်းလုံးအားကစားဖြင့် မြန်မာ့ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ မြန်မာခြင်းလုံးအမျိုးသားအသင်းကလည်း အိမ်ရှင်ထိုင်းအသင်းကို ၅၇၄-၄၄၆ မှတ်ဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ ၁၀ ရက် ပြိုင်ပွဲတွေအထိ မြန်မာ ကိုယ်စားပြုအသင်းဟာ ခြင်းလုံးအားကစားဖြင့် ရွှေတံဆိပ် ၂ ခုရရှိခဲ့ပြီး အခြားအားကစားနည်းများဖြစ်သော ပိုက်ကျော်ခြင်း၊ ပီတန်း၊ ကနူးလှေလှော်၊ တိုက်ကွမ်ဒိုနှင့် ခရစ်ကတ် စသည့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။ (Xinhua)
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ခြင်းလုံးအားကစားဖြင့် ရွှေတံဆိပ်ဆုရရှိ
MORE NEWS

မြန်မာနိုင်ငံတွင် အယ်လ်နီညို အားကောင်းလာမှုကြောင့် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုး/ဇလ သတိပေး
Read Full Story

မြန်မာ့ရွှေ ၂၄.၇.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
Read Full Story

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တန်ချိန် ၃၇၀,၀၀၀ ကျော် တင်ပို့
Read Full Story

မြန်မာ့ရွှေ ၂၃.၇.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်း စိုက်ပျိုးမြေများသို့ စိုက်ပျိုးရေပေးဝေနေသည့် မူးသုံးခွ မြင်ကွင်း
Read Full Story

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၅၃၀,၀၀၀ ကျော် ဝင်ရောက်
Read Full Story

မြန်မာ့ရွှေ ၂၂.၇.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story
‹
›
