ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်လွိုင်လင်မြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) နိုဝင်ဘာ ၂၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၆ ရက် ည ၆ နာရီအချိန် လွိုင်လင်မြို့၊ ရပ်ကွက်(၂)၊ လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် တင်မျိုးထွန်း မောင်းနှင်ပြီး ဇော်ဂွန်း လိုက်ပါလာသော NISSAN ၆ ဘီးမော်တော်ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၁.၁၁၇ တန် (၎င်းဒေသတန်ဖိုးငွေကျပ် ၁၅.၆၃၈ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား သယ်ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ မာဒီး(ခ)ဂွန်ဂျာအောင်(ဖမ်းဆီးရန်ကျန်)နှင့် ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာနေ တန်ဂွန်း(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ပြီး မိုင်းရယ်မှ ရန်ကုန်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန်ကျော် ဖမ်းဆီးရမိ
MORE NEWS

မြန်မာနိုင်ငံတွင် အယ်လ်နီညို အားကောင်းလာမှုကြောင့် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုး/ဇလ သတိပေး
Read Full Story

မြန်မာ့ရွှေ ၂၄.၇.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
Read Full Story

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တန်ချိန် ၃၇၀,၀၀၀ ကျော် တင်ပို့
Read Full Story

မြန်မာ့ရွှေ ၂၃.၇.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်း စိုက်ပျိုးမြေများသို့ စိုက်ပျိုးရေပေးဝေနေသည့် မူးသုံးခွ မြင်ကွင်း
Read Full Story

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၅၃၀,၀၀၀ ကျော် ဝင်ရောက်
Read Full Story

မြန်မာ့ရွှေ ၂၂.၇.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story
‹
›
