ပုံစာ- မြန်မာနိုင်ငံ နေပြည်တော်ရှိ သစ်တောဦးစီးဌာန၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ- MOI)
ပုံစာ- မြန်မာနိုင်ငံ နေပြည်တော်ရှိ သစ်တောဦးစီးဌာန၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ- MOI)


မြန်မာနိုင်ငံက၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇူလိုင် ၂၅ ရက်တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ အခမ်းအနားတွင် ဒီရေတောများသည် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်များကို အမြောက်အမြား စုပ်ယူပေးနိုင်သည့် အရေးပါသော ကာဗွန်သိုက် (Carbon Sinks) များဖြစ်ကြပြီး သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေရေးတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းနိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီရေတောဧရိယာအကျယ်ဆုံး နိုင်ငံများအနက် အဆင့် (၇) ရှိပြီး ဧရိယာဧကပေါင်း ၁.၂၆ သန်းခန့်ရှိကာ အာဆီယံနိုင်ငံများတွင် ဒီရေတောဖုံးလွှမ်းမှုအရ အဆင့် (၃) နေရာတွင် ရှိနေကြောင်း ၎င်းက ဆိုသည်။အဆိုပါ အခမ်းအနားတွင် "ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရန်၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဒီရေတောများ စိုက်ပျိုးထိန်းသိမ်းကြပါစို့" ဟူသော ခေါင်းစဉ်ဖြင့် ဒီရေတောစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။  (Xinhua)