
ကျင်တယ်ကျိန့် (ကျန်းရှီး)၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
“ကျင်တယ်ကျိန့် လက်မှုကြွေထည်လုပ်ငန်း အမွေအနှစ်နေရာ” အား “ကမ္ဘာ့အမွေအနှစ်စာရင်း” တွင် ထည့်သွင်းရန် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ ၄၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ၌ ဇူလိုင် ၂၅ ရက်တွင် ဆုံးဖြတ်ချက် အတည်ပြုခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သော အမွေအနှစ်စုစုပေါင်းသည် ၆၁ ခုအထိ ရှိလာကြောင်း သိရသည်။
“ကျင်တယ်ကျိန့် လက်မှုကြွေထည်လုပ်ငန်း အမွေအနှစ်နေရာ” သည် တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် အရှေ့မြောက်ပိုင်း၌ တည်ရှိပြီး ၎င်းနေရာ အချို့တစ်ဝက်ကို မြို့နယ်ကြွေထည်ထုတ်လုပ်ရေးစင်တာ၊ ဟူထျန်ရှေးဟောင်းကြွေထည်ဖိုနေရာ၊ ကောင်းလျင်ကြွေထည်မြေ တူးဖော်ရေးနေရာ၊ ချန်လျင် ကြွေထည်ကျောက် သတ္တုတွင်း တူးဖော်ရေးနေရာနှင့် ကျောင်းထန် ကြွေထည်ဖိုသုံးထင်း ထုတ်လုပ်ရေးနေရာ ဟူသည့် နေရာ ၅ ခုဖြင့် ဖွဲ့စည်းထားသည်။
တော်ဝင်ကြွေထည် ထုတ်လုပ်သည့် ကြွေထည်ဖိုနေရာ၊ လော့မာချောင် ကြွေထည်ဖိုနေရာ၊ ကွမ်းရင်းကယ် ကြွေထည်ဖိုနေရာ၊ တာ့ဝူခန်း ကြွေထည်ကျောက် သတ္တုတွင်း ကျန်ရှိရာနေရာ၊ ရှောင်ဝုလီ ချောင်းချိုင့်ဝှမ်း ကြွေထည်ကျောက် တူးဖော်အချောကိုင်မှုအမွေအနှစ်နေရာနှင့် ရေကြောင်း၊ ကုန်ကြောင်း ပို့ဆောင်ရေးကွန်ရက်အမွေအနှစ်နေရာ စသည်တို့ အပါအဝင် အမွေအနှစ် ၁၅ ခုသည် ဖွဲ့စည်းပုံအစိတ်အပိုင်းဖြစ်ပြီး စုစုပေါင်း အမွေအနှစ်နေရာ ၄၅ ခု ပါဝင်သည်။ အမွေအနှစ်ဇုန်ဧရိယာ ၁,၉၇၉ ဟက်တာ၊ ကြားခံဇုန်ဧရိယာ ၅,၅၄၅.၇ ဟက်တာ ရှိပြီး စုစုပေါင်း ၇,၅၂၄.၇ ဟက်တာ ရှိကြောင်း သိရသည်။
“ကျင်တယ်ကျိန့် လက်မှုကြွေထည်လုပ်ငန်း အမွေအနှစ်နေရာ” သည် ၁၀ ရာစုမှ ၁၉ ရာစုအကြား ကျန်တယ်ကျိန့် လက်မှုကြွေထည်လုပ်ငန်း၏ ကိုယ်စားပြုနိုင်သော လက်ရှိတိုင် တည်ရှိဆဲနေရာဖြစ်သည်။ ၎င်းသည် တရုတ်လက်မှုကြွေထည်ပြုလုပ်မှုနည်းပညာ၊ ကြွေထည်အနုပညာနှင့် ကြွေထုတ်ထုတ်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်အသစ်အား ဖော်ပြလိုက်သလို တရုတ်နိုင်ငံ လက်မှုကြွေထည်လုပ်ငန်းက ကမ္ဘာ့လက်မှုကြွေထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုလေ့လာဖလှယ်မှုအတွက် လေးနက်သော သက်ရောက်မှုဖြစ်စေသည်ကို သက်သေထူခဲ့သည်။ (Xinhua)
----------------------------------------------------------------
(Chinese Version)
“景德镇手工瓷业遗存”申遗成功
新华社照片,景德镇(江西),2026年7月25日
在韩国釜山举行的联合国教科文组织第48届世界遗产大会7月25日通过决议,将“景德镇手工瓷业遗存”列入《世界遗产名录》。至此,中国世界遗产总数达到61项。
“景德镇手工瓷业遗存”位于中国江西省东北部,由镇区瓷业生产中心、湖田古瓷窑址、高岭瓷土矿遗址、长岭瓷石矿遗址和蛟潭窑柴燃料产区5个组成部分构成,包含御窑厂窑址、落马桥窑址、观音阁窑址、大午坑瓷石明矿遗址、小坞里溪谷瓷石开采加工遗址以及水陆运输网络遗存等15组遗产构成要素,共45个遗产点位。遗产区面积1979公顷,缓冲区面积5545.7公顷,总计7524.7公顷。
“景德镇手工瓷业遗存”是10至19世纪景德镇手工制瓷产业系统的代表性遗存,展现了中国手工制瓷技术、瓷器艺术和制瓷产业发展创新历程,见证了中国手工瓷业对世界手工瓷业发展和文明交流互鉴产生的深远影响。
图说1:这是景德镇陶阳里历史文化街区(2025年1月17日摄,资料照片)。新华社发
图说2:这是7月25日,在韩国釜山召开的联合国教科文组织第48届世界遗产大会介绍“景德镇手工瓷业遗存”项目。新华社记者 姚琪琳 摄








