အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ယူကရိန်းစစ်တပ်က ကက်စပီယံပင်လယ်အတွင်းရှိ အီရန် စီးပွားရေးသင်္ဘောတစ်စင်းကို ဇူလိုင် ၂၅ ရက်တွင် တိုက်ခိုက်ခဲ့သည်။ ထို့အပေါ် အီရန်ဘက်က အပြင်းအထန် ပြစ်တင်ရှုတ်ချလိုက်ပြီး အီရန်နိုင်ငံဆိုင်ရာ ယူကရိန်းသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်ခဲ့သည်။

သုံးသပ်သူများက ယူကရိန်း၏ ဤလုပ်ရပ်သည် ရုရှားကို အီရန်က ဒရုန်း စသည့် စစ်ဘက်သုံးပစ္စည်းများ ပံ့ပိုးမှုကို တားဆီးရန်နှင့် ထိုမှတစ်ဆင့် အမေရိကန်အား အကြိုက်ဆောင်မှုကို ပြသရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ယူဆကြသည်။ ဤအကြိမ်တိုက်ခိုက်မှုက ယူကရိန်း-အီရန် ဆက်ဆံရေး တင်းမာမှုအရှိန်မြင့်တက်လာခြင်းနှင့် အမေရိကန်-အီရန် စစ်ပွဲနှင့် ရုရှား-ယူကရိန်း ပဋိပက္ခသည် အပြန်အလှန်အားဖြင့် တစ်ဆင့်တိုးပိုမိုသက်ရောက်မှုရှိလာသည်ကို ဖော်ပြသော်လည်း ယူကရိန်းနှင့် အီရန် ဘက်စုံထိပ်တိုက်ရင်ဆိုင်မှု ဖြစ်နိုင်ခြေသိပ်မရှိကြောင်း ယူဆကြသည်။

အီရန် စီးပွားရေးသင်္ဘော တိုက်ခိုက်ခံရ

ယူကရိန်းစစ်တပ်ဘက်က ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် ကက်စပီယံပင်လယ်အတွင်းရှိ အီရန် စီးပွားရေးသင်္ဘောတစ်စင်းကို တိုက်ခိုက် ဖောက်ခွဲခဲ့ရာ  သင်္ဘောသားတစ်ဦး သေဆုံးပြီး အခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန်မီဒီယာများ၏ သတင်းအရ သိရသည်။ ထို့အပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှုသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အခြေခံမူကို ချိုးဖောက်ခြင်းဖြစ်ရာ “ကျူးကျော်သည့် လှုပ်ရှားမှု” ဖြစ်ပြီး ကက်စပီယံပင်လယ် ကမ်းရိုးတန်းနိုင်ငံများအပေါ် လုံခြုံရေးခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ ယူကရိန်းဘက်မှ “တာဝန်ခံရမည်” ဖြစ်ကြောင်း၊ ယူကရိန်း၏ တိုက်ခိုက်မှုများအပေါ် အီရန်က တုံ့ပြန်မှုအစီအမံများ လုပ်ဆောင်ခွင့်ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အီရန်နိုင်ငံဆိုင်ရာ ယူကရိန်းသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်ခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက ယင်းနေ့တွင်ပင်  ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Kaja Kallas ထံသို့ စာလွှာပေးပို့ကာ ဥရောပသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းက တုံ့ပြန်ပေးရန် တောင်းဆိုခဲ့သည်။

ထိုနေ့အစောပိုင်းတွင် ယူကရိန်း သမ္မတ ဇယ်လန်းစကီး က လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်၍ ယူကရိန်းဘက်က “ကက်စပီယံပင်လယ်အတွင်း တာဝေးပစ်တိုက်ခိုက်မှုတွင် အီရန်နှင့် ပတ်သက်သည့် စစ်ရေးသုံးပစ္စည်းများ ပို့ဆောင်မှုတွင် ပါဝင်သော ကုန်တင်သင်္ဘောနှင့် စစ်သင်္ဘောတစ်စင်း အပါအဝင် အလွန်အားကောင်းသည့် ရလဒ်ရရှိခဲ့ကြောင်း” ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ကိဗ်မြို့  Shevchenkivskyi ခရိုင်တွင် တိုက်ခိုက်ခံရ၍ ပျက်စီးနေသော မြေအောက်လမ်းအား 
၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ ကိဗ်မြို့ Shevchenkivskyi ခရိုင်တွင် တိုက်ခိုက်ခံရ၍ ပျက်စီးနေသော မြေအောက်လမ်းအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်း၏ တစ်ချက်ခုတ် နှစ်ချက်ပြတ် ရည်မှန်းချက်

ယခုအချိန်တွင် အီရန်စီးပွားရေးသင်္ဘောကို ယူကရိန်း တိုက်ခိုက်ရသည့် ရည်ရွယ်ချက်နှစ်ခုမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သုံးသပ်သူများက ယူဆကြသည်။

ပထမအနေဖြင့် ရုရှားအပေါ် အီရန်၏ စစ်ရေးထောက်ပံ့မှုများကို တားဆီးဖြတ်တောက်ရန် ဖြစ်သည်။

မကြာမီကာလများတွင် ယူကရိန်းဘက်မှ ရုရှား၏ အတွင်းပိုင်းပစ်မှတ်များ အထူးသဖြင့် စွမ်းအင်နှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုကို ပိုမိုအားကောင်းစွာ လုပ်ဆောင်ခဲ့ရာ ရုရှား၏ စီးပွားရေးနှင့် ပြည်သူ့လူနေမှုဘဝအပေါ် အတော်အတန်ကြီးမားသည့်သက်ရောက်မှု ဖြစ်စေခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ရုရှားဘက်ကလည်း ဒရုန်းယာဉ်များ၊ ပဲ့ထိန်းဒုံးကျည်များ စသည်တို့ကို အသုံးပြု၍ ယူကရိန်းနယ်မြေအတွင်းရှိ ပစ်မှတ်များအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သဖြင့် ယူကရိန်းဘက်တွင်လည်း ဆုံးရှုံးမှု ကြီးမားခဲ့ရသည်။

သုံးသပ်သူများက ယူကရိန်းကို ရုရှားဘက် တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဒရုန်းများသည် အတိုင်းအတာတစ်ခုအားဖြင့် အီရန်က ပံ့ပိုးပေးသည့် အစိတ်အပိုင်းများကို အားကိုးနေရပြီး ကက်စပီယံပင်လယ်သည်လည်း ရုရှား-အီရန် အကြား စစ်ဘက်သုံးပစ္စည်း သယ်ယူပို့ဆောင်သည့် အရေးကြီး လမ်းကြောင်း ဖြစ်ကြောင်း၊ ယူကရိန်းအတွက်ဆိုလျှင် ကက်စပီယံပင်လယ်အတွင်းရှိ အီရန် စီးပွားရေးသင်္ဘောများကို တိုက်ခိုက်ခြင်းသည် ရုရှားကို အီရန် ပံ့ပိုးပေးသည့်စရိတ်ကို မြင့်တက်စေနိုင်ကြောင်း၊ ထို့အပြင် ကက်စပီယံပင်လယ်ရေကြောင်းလမ်းကို ကာကွယ်ရန် ရုရှားစစ်တပ်အင်အားတချို့ မဖြစ်မနေခွဲပေးရသည့် ဖိအားဖြစ်စေပြီး ထိုမှတစ်ဆင့် ရုရှား-ယူကရိန်း စစ်မြေပြင်တွင် ရုရှား၏ စစ်ရေးအင်အားကို လျော့နည်းစေကာ ယူကရိန်းဘက်အတွက် ပိုမိုအကျိုးဖြစ်ထွန်းသည့် အနေအထားကို ပုံဖော်နိုင်ကြောင်း ယူဆကြသည်။

ဒုတိယအနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း ယူကရိန်းအပေါ် အမေရိကန်၏ အားပေးမှုရယူရန်အတွက် အမေရိကန်က အီရန်အပေါ်  ဖိအားပေးရာတွင် ယူကရိန်းက ကူညီဆောင်ရွက်ခြင်း ဖြစ်သည်။

အမေရိကန်သည် မူလက ယူကရိန်းစစ်တပ်ကို ကူညီသည့် အဓိက ပံ့ပိုးသူ ဖြစ်သော်လည်း အမေရိကန် သမ္မတ ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာချိန်မှစ၍ ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးအတွက် ရုရှားကို အလျှော့ပေးရန် ယူကရိန်းကို အကြိမ်ကြိမ်ဖိအားပေးခဲ့ရာ ယူကရိန်းကို ကျဉ်းထဲကျပ်ထဲ ကျစေခဲ့သည်။ အမေရိကန်ဘက်က “ပြန်လည် စိတ်လည်လာစေရန်” အတွက် ယူကရိန်းအနေဖြင့် မိမိ၏ “တန်ဖိုး” ကို ပြသရန် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိသည်။

အီရန် စစ်ပွဲ ဖြစ်ပွားပြီးနောက်မကြာမီတွင်ပင် ယူကရိန်းက အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများထံသို့ ဒရုန်းတိုက်ဖျက်ရေးနှင့်ဆက်စပ်သည့်နည်းပညာများကို တက်ကြွစွာ ပံ့ပိုးခဲ့ဖူးပေသည်။ အမေရိကန်နှင့် အီရန် အကြား ဇွန်လက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အမေရိကန်က အီရန်ကို အဆက်မပြတ် ဖိအားပေးလျက်ရှိရာ အထူးသဖြင့် မကြာမီကာလများက အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများ ရက်ပေါင်း ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ သို့သော် အီရန်ဘက်က ဒူးထောက်အလျှော့ပေးရန် မည်သို့မျှ ဖိအားမပေးနိုင်ခဲ့ရာ ယင်းကြောင့် ယူကရိန်းက နောက်ထပ်အခွင့်အလမ်းတစ်ခု တွေ့ရှိလာခဲ့သည်။

ယူကရိန်းက အီရန်စီးပွားရေးသင်္ဘောများကို တိုက်ခိုက်ခြင်းက အီရန်အပေါ် ဖိအားပေးသည့် သတင်းစကားပါးခြင်း ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ အီရန်အနေဖြင့် အမေရိကန်နှင့် သဘောတူညီချက်မရယူပါက ၎င်း၏ မဟာဗျူဟာနောက်တန်းဟု မူလက ရှုမြင်ထားသည့် မြောက်ပိုင်းနယ်စပ်ဒေသသည်လည်း လုံခြုံရေး ခြိမ်းခြောက်ခံရမည် ဖြစ်ကြောင်း သတင်းစကားပါးလိုက်ခြင်းဖြစ်သည်ဟု ဗြိတိန် Financial Times သတင်းစာက အီရန်ပြည်တွင်းသဘောထားအမြင်များကို ကိုးကား၍ သတင်းဖော်ပြထားသည်။

အချို့သုံးသပ်သူများကလည်း ယခုအကြိမ် ယူကရိန်းက ကက်စပီယံပင်လယ်ပြင်အတွင်းရှိ ပစ်မှတ်များကို တာဝေးတိုက်ခိုက်လိုက်ခြင်းသည် ၎င်း၏ ဒေသဖြတ်ကျော်၍ အတွင်းပိုင်းသို့ တိုက်ခိုက်နိုင်သော စစ်ဆင်ရေးစွမ်းရည်ကို ပြသလိုက်ခြင်းလည်းဖြစ်ရာ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စစ်ရေးအကူအညီများ ဆက်လက်ရရှိရန်ကြိုးပမ်းခြင်းအတွက် အကျိုးရှိစေသည်ဟု ယူဆကြသည်။

ကူဝိတ်နိုင်ငံ မြို့တော် ကူဝိတ်စီးတီးမှ ရိုက်ကူးသော ဓာတ်ပုံ၌ Farwaniya ပြည်နယ်ရှိ ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆီသိုလှောင်ရုံ တိုက်ခိုက်ခံရပြီးနောက် မီးခိုးလိပ်များ တက်လာသည်ကို 
၂၀၂၆ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကူဝိတ်နိုင်ငံ မြို့တော် ကူဝိတ်စီးတီးမှ ရိုက်ကူးသော ဓာတ်ပုံ၌ Farwaniya ပြည်နယ်ရှိ ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆီသိုလှောင်ရုံ တိုက်ခိုက်ခံရပြီးနောက် မီးခိုးလိပ်များ တက်လာသည်ကို ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဋိပက္ခ နှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခြင်းလော

ယခုနှစ် မတ်လတွင် ယူကရိန်းနှင့် အစ္စရေး ဒရုန်းပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ပြီးနောက်ပိုင်းတွင် အီရန်က ယူကရိန်းနယ်နိမိတ်တစ်ခုလုံးသည် ၎င်း၏ တရားဝင်တိုက်ခိုက်သည့် ပစ်မှတ်ဖြစ်သွားပြီ ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ဖူးသည်။

သုံးသပ်သူများက ယခုအကြိမ် ယူကရိန်းဘက်က အီရန်ပစ်မှတ်များကို တိုက်ရိုက် တိုက်ခိုက်ခြင်းသည် အီရန်၏ တုံ့ပြန်မှုကို ပို၍ ပြင်းထန်စေပြီး နှစ်ဖက် ထိပ်တိုက်ရင်ဆိုင်မှုအရှိန် သိသိသာသာ အဆင့်မြင့်တက်လာကြောင်း ထောက်ပြကြသည်။

ယခုအကြိမ် ကက်စပီယံပင်လယ်အတွင်း အီရန်စီးပွားရေးသင်္ဘောများကို တိုက်ခိုက်ခြင်းအပြင် ယူကရိန်းက ရုရှား-အီရန် ထောက်လှမ်းရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ စောင့်ကြည့်ထိန်းချုပ်မှုများကိုလည်း အားဖြည့်ခဲ့သည်။

အီရန်အနေဖြင့် ဒေသတွင်း သက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်နိုင်စေရန်အတွက် အရှေ့အလယ်ပိုင်းဒေသ ဂြိုဟ်တုဓာတ်ပုံနှင့် ဒေတာအချက်အလက်များကို ရုရှားက အီရန်ကို ပံ့ပိုးနေသည့်အပေါ် ယူကရိန်းဘက်က သတိပြုမိကြောင်း ဇယ်လန်းစကီးက ဇူလိုင် ၂၅ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပြောကြားခဲ့သည်။ ၎င်းအနေဖြင့်လည်း ယူကရိန်းထောက်လှမ်းရေးဌာနများကို သက်ဆိုင်ရာအခြေအနေအား “မိတ်ဖက်များ” ထံသို့ အကြောင်းကြားရန် ညွှန်ကြားပြီးဖြစ်ကြောင်း ဆိုသည်။

ယူကရိန်းဘက်က အီရန်နှင့် ရုရှားတို့၏ ပူးပေါင်းဆောင်ရွက်မှုကို “စစ်ပွဲနှစ်ခုကို ဖြတ်သန်းချိတ်ဆက်ထားသည့် ပေါင်းစပ်စစ်ရေးကွန်ရက်” အဖြစ် ရှုမြင်လျက်ရှိပြီး ယူကရိန်း၏ ဆက်တိုက်လုပ်ဆောင်ချက်များသည် ၎င်းတို့အနေဖြင့် အီရန်-အမေရိကန် စစ်ပွဲထဲသို့ “ပို၍ တိုက်ရိုက် ပါဝင်ပတ်သက်လာနေပြီ” ဖြစ်သည်ကို ပြသနေကြောင်း အီရန်နိုင်ငံတကာရုပ်သံဌာနက ဖော်ပြထားသည်။  

သို့သော် သုံးသပ်သူများက  အမေရိကန်-အီရန် စစ်ပွဲနှင့် ရုရှား-ယူကရိန်း ပဋိပက္ခတို့သည် “ပဋိပက္ခ နှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားရန်” ဖြစ်နိုင်ခြေသိပ်မရှိဟု ယူဆကြသည်။ ယူကရိန်း၏ တာဝေးတိုက်ခိုက်နိုင်စွမ်းမှာ ကန့်သတ်ချက်ရှိသဖြင့် အီရန်နိုင်ငံအတွင်းကို တိုက်ခိုက်မှုများ ပြုလုပ်ရန် ခက်ခဲမည်ဖြစ်သလို အီရန်ဘက်ကလည်း ယူကရိန်းသည် ၎င်းတို့၏ အဓိကရန်သူ မဟုတ်ကြောင်းနှင့် အဖိုးတန်သည့် တာဝေးပစ်လက်နက်များကို အသုံးပြု၍ ယူကရိန်းအား တိုက်ခိုက်ခြင်းသည် အကျိုးအမြတ်ထက် ဆုံးရှုံးမှုသာ ပိုများစေမည်ဖြစ်သည်ကို ကောင်းစွာသိရှိထားကြောင်း၊  အီရန်ဘက်မှ နောက်ဆက်တွဲအနေဖြင့် ယူကရိန်းအပေါ်  ပိုမိုပြင်းထန်သော သတိပေးမှုများအပြင် သရုပ်ပြလက်တုံ့ပြန်မှုမျိုး လုပ်ဆောင်လာနိုင်ဖွယ်ရှိသော်လည်း နှစ်ဖက်စလုံး ဘက်စုံ ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေသို့ ရောက်ရှိသွားရန် ဖြစ်နိုင်ခြေ နည်းပါးကြောင်း သုံးသပ်သူများက ယူဆကြသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

国际观察丨乌克兰袭击伊朗商船,两国缘何对抗升级?

新华社北京7月26日电 题:乌克兰袭击伊朗商船,两国缘何对抗升级?   新华社记者刘赞 马倩   

乌克兰军方25日在里海袭击一艘伊朗商船,伊方对此强烈谴责并召见乌克兰驻伊朗临时代办。分析人士认为,乌方此举旨在阻止伊朗向俄罗斯提供无人机等军用物资,并以此向美国示好。这起袭击事件表明乌伊关系紧张升级,以及美伊战事和俄乌冲突进一步相互影响,但乌克兰与伊朗走向全面对抗的可能性不大。       

伊朗商船遭袭   

据伊朗媒体报道,乌克兰军方25日凌晨在里海水域袭击了一艘伊朗商船并导致爆炸,造成一名船员死亡,另有一人受伤。伊朗外交部对此强烈谴责,称袭击违反《联合国宪章》基本原则,是“侵略行为”并对里海沿岸国家构成安全威胁,乌方必须“承担责任”,伊朗有权对乌克兰的袭击采取回应措施。伊朗外交部还就此事召见了乌克兰驻伊朗临时代办。   

伊朗外长阿拉格齐当天致电欧盟外交与安全政策高级代表卡拉斯,要求欧盟和国际社会作出回应。   

当天早些时候,乌总统泽连斯基在社交媒体上称,乌方“在里海的远程打击取得了非常有力的成果,包括用于运输涉伊朗军事货物的船只,以及一艘军舰”。       

乌克兰双重目的  

分析人士认为,乌克兰此时打击伊朗商船,有以下两方面意图。   

一是阻断伊朗对俄罗斯的军事支持。   

近期,乌方加大对俄纵深目标特别是能源和物流基础设施打击力度,对俄经济和民生造成较大影响。但同时,俄方使用无人机、弹道导弹等对乌境内目标实施大规模袭击,令乌方损失巨大。   

分析人士认为,俄方用于打击乌方的无人机在一定程度上依赖伊朗提供零部件支持,而里海是俄伊之间运输军用物资的重要通道。对于乌方而言,打击里海水域的伊朗商船能提高伊朗支持俄罗斯的成本,还能迫使俄军分出一部分力量保护里海航道,从而削弱俄方在俄乌战场上的军事力量,塑造更有利于乌方的态势。   

二是协助美国对伊朗施压,以此换取美国在俄乌冲突中对乌方的支持。   

美国原本是对乌军援的主要提供者,但美国总统特朗普重返白宫以来,为结束俄乌冲突频频施压乌方对俄让步,令乌方处境艰难。乌方一直试图展示自身“价值”以换得美方“回心转意”。   

伊朗战事爆发不久后,乌克兰曾积极向以色列和海湾国家提供反无人机相关的技术支持。美伊6月签署谅解备忘录以来,美国不断对伊朗施压,特别是近期连续多日对伊实施军事打击,但始终未能迫使伊方屈服让步,这让乌克兰再次看到机会。   

英国《金融时报》援引伊朗国内观点报道说,乌克兰袭击伊朗商船意在释放对伊施压信号,即如果伊朗未能与美国达成协议,其原本被视为战略后方的北部边境也将遭到安全威胁。   

还有分析指出,此次乌克兰远程打击里海水域的目标,也展示了其实施跨区域纵深打击的实战能力,有利于争取美西方持续军援。       

两场冲突“合二为一”?   

今年3月乌克兰与以色列开展无人机合作后,伊朗曾警告称乌全境已成为其合法打击目标。分析人士指出,此次乌方直接打击伊朗目标,伊方反应更为强烈,双方对抗明显升级。   

除了此次在里海打击伊朗商船,乌克兰还加强了对俄伊情报合作的监控。泽连斯基25日在社交媒体上称,乌方注意到俄方正向伊朗提供中东地区的卫星图像和数据,使伊朗能够对地区内相关目标进行打击。他将指示乌情报部门将相关情况通报给“伙伴”。   

伊朗国际电视台称,乌方将伊俄合作视为“横跨两场战争的统一军事网络”,乌方的一系列举动表明其正在“更加直接地介入”伊美战事。   

不过分析人士认为,美伊战事与俄乌冲突不太可能“合二为一”。乌克兰远程攻击手段有限,很难对伊朗本土实施打击;伊朗也清楚乌克兰并非其主要敌人,动用宝贵的远程武器打击乌克兰得不偿失。伊朗后续或对乌克兰进行更加严厉的警告甚至象征性报复,但双方走向全面对抗的可能性不大。(完)

1. 图为6月28日在伊拉克首都巴格达拍摄的伊朗外长阿拉格齐出席新闻发布会的资料照片。新华社发(哈利勒·达伍德摄)

2. 这是7月19日在乌克兰基辅市舍甫琴科夫斯基区拍摄的一处在袭击中受损的地下通道。新华社记者李东旭摄

3. 这张3月25日在科威特首都科威特城拍摄的照片显示,位于费尔瓦尼耶省的科威特国际机场一油库遭袭后冒起浓烟。新华社发