ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
CNPC ကုမ္ပဏီမှ ဦးစီးကျင်းပသော စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲ ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ စတင်၍ ဒီဇင်ဘာ ၃၁ ရက်အထိ ကျင်းပခဲ့ရာ ယခုအခါ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲကို ၂၀၂၀ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲဝင်သူများသည် လူငယ်တို့၏ ချစ်ခြင်းမေတ္တာ၊ သူငယ်ချင်း၊ သံယောဇဉ်၊ စိတ်ဓာတ်ခွန်အား အစရှိသည့် အကြောင်းအရာများကို ထိထိမိမိ ပုံဖော်ထားသည့် ဗီဒီယိုအတိုလေးများဖြင့် facebook နှင့် TikTok တို့တွင် တင်ပြလျှက် မြန်မာလူငယ်တို့၏ အပြုသဘောဆောင်သည့် တက်ကြွမှုများကို ဖော်ပြကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ယခု စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အရေအတွက် တစ်ထောင်အောက် ပါဝင်ယှဉ်ပြိုင်ပါက ပထမဆု သိန်း ၃၀ ကျပ်အပါအဝင် စုစုပေါင်း ဆုကြေးငွေ သိန်း ၈၀ ချီးမြှင့်မည်ဖြစ်ပြီး၊ ပြိုင်ပွဲဝင်အရေအတွက် တစ်ထောင်ကျော်လျှင်မူ စုစုပေါင်း ဆုကြေးငွေ သိန်း ၁၃၀ အထိ တိုးမြှင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲအတွက် ဆုရရှိသူများကို ကုမ္ပဏီ၏ SEAOP-SEAGP ဖေ့စ်ဘုတ်စာမျက်နှာတွင် မကြာမီ ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Sino Pipeline International ကုမ္ပဏီ၊ SEAOP-SEAGP ကုမ္ပဏီလိမိတက်နှင့် ယူနန်တက္ကသိုလ် မြန်မာလေ့လာရေးအင်စတီကျုတို့ ပူးပေါင်း၍လည်း တရုတ်နိုင်ငံရှိ ကောလိပ်နှင့် တက္ကသိုလ်များအတွက် ဒုတိယအကြိမ်မြောက် မြန်မာဘာသာစကား ဗီဒီယိုအတိုပြိုင်ပွဲကို “Building together, the bridge of the future”ဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပြီး၊ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယူနန်တက္ကသိုလ်၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူအချို့အပါအဝင် တရုတ်နိုင်ငံရှိ တက္ကသိုလ်အသီးသီး၌ မြန်မာစာကို သင်ယူနေကြသည့် ကျောင်းသား ကျောင်းသူ ၁၃၀ ကျော်တို့က သူတို့ရိုက်ကူးဖန်တီးထားသည့် ဗီဒီယိုအတို ၂၀၀ ကျော်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ယခု ၂၀၂၅ ခုနှစ်တွင်လည်း CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲနှင့် ကောလိပ်နှင့် တက္ကသိုလ်များအတွက် မြန်မာဘာသာစကား ဗီဒီယိုအတိုပြိုင်ပွဲတို့ကို ကျင်းပသွားဦးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲ ကျင်းပပြီးစီး
MORE NEWS

စာအုပ်များမှတစ်ဆင့် တရုတ်ယဉ်ကျေးမှုကို စူးစမ်းလေ့လာနိုင်မည့် ရွေ့လျားစာကြည့်တိုက်ကို မြန်မာနိုင်ငံရှိ တရုတ်စာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ကြိုဆို
Read Full Story

မြန်မာနိုင်ငံတွင် တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်းများ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီး၌ ဖွင့်လှစ်လျက်ရှိ
Read Full Story

၂၀၂၆ ခုနှစ် Agri-Tech Myanmar ကုန်စည်ပြပွဲက ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးမည့် လယ်ယာစိုက်ပျိုးရေး နောက်ဆုံးပေါ်နည်းပညာများကို ထည့်သွင်းပြသ
Read Full Story

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင် တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းသို့ သွားရောက်လေ့လာကြည့်ရှု
Read Full Story

မြန်မာနိုင်ငံ သမ္မတ တရုတ်နိုင်ငံသို့ ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်
Read Full Story

၂၀၂၆ ခုနှစ် “Chinese Bridge” တရုတ်ဘာသာစကားပြိုင်ပွဲ ရန်ကုန်မြို့တွင် ကျင်းပ
Read Full Story

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပသည့် တရုတ်ဘာသာစကား ရွတ်ဆိုပြိုင်ပွဲတွင် ကလေးငယ်များ ထူးချွန်သည့် အရည်အချင်းများ ပြသ
Read Full Story

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပသည့် တရုတ်ဘာသာစကား ရွတ်ဆိုပြိုင်ပွဲတွင် ကလေးငယ်များ ထူးချွန်သည့် အရည်အချင်းများ ပြသ
Read Full Story
‹
›
