ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၇ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmarက ယနေ့ (အောက်တိုဘာ ၈ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၄ ရက် နံနက် ၉ နာရီအချိန် တာချီလိတ်မြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးအား ၀င်ရောက်ရှာဖွေရာ အမျိုးသား ၇ ဦးနှင့် အတူ အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၇ ကီလိုဂရမ် (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅၆ ဘီလီယံ)၊ TOYOTA FORTUNER ယာဉ် ၁ စီး၊ HONDA CIVIC ယာဉ် ၁ စီး၊ TOYOTA CROWN ယာဉ် ၁ စီး၊ ISUZU D-MAX ယာဉ် ၁ စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်တွင် အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလိုဂရမ် ဖမ်းဆီးရမိ
MORE NEWS

မြန်မာနိုင်ငံတွင် အယ်လ်နီညို အားကောင်းလာမှုကြောင့် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုး/ဇလ သတိပေး
Read Full Story

မြန်မာ့ရွှေ ၂၄.၇.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
Read Full Story

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တန်ချိန် ၃၇၀,၀၀၀ ကျော် တင်ပို့
Read Full Story

မြန်မာ့ရွှေ ၂၃.၇.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်း စိုက်ပျိုးမြေများသို့ စိုက်ပျိုးရေပေးဝေနေသည့် မူးသုံးခွ မြင်ကွင်း
Read Full Story

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၅၃၀,၀၀၀ ကျော် ဝင်ရောက်
Read Full Story

မြန်မာ့ရွှေ ၂၂.၇.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story
‹
›
