ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၆ ရက်တွင် NISSAN ၁၂ ဘီးမော်တော်ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် သံပိုက်လုံးများအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၈ သိန်း(၎င်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၀၇ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများ တင်ဆောင်ပေးသူကို တောင်ကြီးမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဆီဆိုင်မြို့မှ ရန်ကုန်သို့ပို့ဆောင်ပေးရန်ဖြစ်ကြောင်း သိရှိရကာ ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
MORE NEWS

မြန်မာနိုင်ငံတွင် အယ်လ်နီညို အားကောင်းလာမှုကြောင့် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုး/ဇလ သတိပေး
Read Full Story

မြန်မာ့ရွှေ ၂၄.၇.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
Read Full Story

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တန်ချိန် ၃၇၀,၀၀၀ ကျော် တင်ပို့
Read Full Story

မြန်မာ့ရွှေ ၂၃.၇.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်း စိုက်ပျိုးမြေများသို့ စိုက်ပျိုးရေပေးဝေနေသည့် မူးသုံးခွ မြင်ကွင်း
Read Full Story

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၅၃၀,၀၀၀ ကျော် ဝင်ရောက်
Read Full Story

မြန်မာ့ရွှေ ၂၂.၇.၂၀၂၆ ရက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေး (Market Rate)
Read Full Story
‹
›
