Connect with us

Media

တရုတ်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံရှိ မူလတန်းကျောင်းသူကျောင်းသားများအား အစားအသောက်များ အခမဲ့လှူဒါန်း

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFRD) သည် ဇွန်လ ၃ ရက်ကစတင်သည့် ပညာသင်နှစ်သစ်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာကျောင်း (၁၀)ကျောင်းမှ မူလတန်းကျောင်းသူ ကျောင်းသားများအတွက် အစားအသောက်များ အခမဲ့ ကျွေးမွေးစောင့်ရှောက်မှု ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

CFRD’s Smiling Children Program ၏ စီမံကိန်းမန်နေဂျာ ကိုရွှေဝါထွန်းက စာသင်နှစ်တစ်နှစ်တာလုံး ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း ၁၀ ကျောင်းမှ ကျောင်းသား ၅,၀၀၀ ကျော်အား နေ့လယ်စာ အခမဲ့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဆင်ဟွာသို့ပြောသည်။

“ကျွန်တော်တို့က ကလေးတွေကို မနက်စာအတွက် အသီး(ဒါမှမဟုတ်) မုန့်တစ်မျိုးမျိုး၊ နေ့လယ်စာအတွက် ဟင်းတစ်မျိုးနဲ့ အသီးအရွက်တစ်မျိုး ထောက်ပံ့ပေးပါတယ်။ ဒီအစီအစဉ်က ကျောင်းသားတွေရဲ့ သင်ယူမှုစွမ်းရည်ကို တိုးတက်စေပြီး အာဟာရဖြစ်စေဖို့ ရည်ရွယ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်ကို လာမည့်ပညာသင်နှစ် သုံးနှစ်အထိ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.