ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) လူနှင့် တိရစ္ဆာန်အကြား COVID-19 အပြန်အလှန် ကူးစက်မှုမဖြစ်စေရန်အတွက် အထူးသတိပြုရန်လိုအပ်ကြောင်း၊ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် မည်သို့ ကြိုတင်ကာကွယ်သင့်ကြောင်း ပြည်သူသို့ တင်ပြချက်ကို မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနက ယနေ့ မတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ မတ် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် မတ် ၂၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ မတ် ၂၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ မတ် ၂၆ ရက် နံနက်ပိုင်းအထိ COVID – 19 ရောဂါ ကြောင့် သေဆုံးသူ ၁၃ ဦးထိ မြင့်တက်လာခဲ့ပြီး ယခုအချိန်ထိ နိုင်ငံအတွင်း အတည်ပြု လူနာ ၆၄၉ ဦး ရှိနေကြောင်း...
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများပူးပေါင်း၍ အခြေခံစားသောက်ကုန်များကိုသက်သာသောနှုန်းထားဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ယနေ့ မတ် ၂၆ ရက် တွင် သတင်းထုတ်ပြန်သည်။
ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အာဖရိကသမဂ္ဂ အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်း ၈၀ ကျော်အား အရေးပေါ်အကူအညီများ ထောက်ပံ့ပေးရန် ကတိပြုထားကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လော်ကျောက်ဟွေးက မတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။