ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် “တံခါးဖွင့်၍ နှစ်သစ်အား ကြိုဆိုကြမည်” ဖျော်ဖြေတင်ဆက်မှု အခမ်းအနား ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်း အချိန်တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြဋ္ဌာန်းမည့် ပြည်ထောင်စုအခွန်ဥပဒေကို လက်တွေ့လုပ်ငန်းဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအကြား အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံတော်မှ အခွန်ကောက်ခံရန်ဥပဒေပြဋ္ဌာန်းပြီးမှ ၎င်းဥပဒေပေါ်တွင် အငြင်းပွားနေမှုများမရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာအခွန်ဦးစီးဌာနများမှာဦးစီးသော အခွန်ကိစ္စ ရပ်များဆိုင်ရာဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းတွင် ၂ဝ၂၂ ခုနှစ် ၌ ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အထိမ်းအမှတ် Video ဖိုင်ဖြစ်ပါသည်။(Xinhua)
ဆိုးလ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် တွေ့ဆုံရန် ဖေဖော်ဝါရီလ ၁၀ ရက်က အိမ်ပြာတော်သို့ ရောက်ရှိကာ နေ့လည်စာစားသုံးမည် ဖြစ်ကြောင်း ဒေသတွင်း ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့တို့တွင် ငွေကျပ် သိန်း ၁၁,၈၉၅ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။