ပြုံးယမ်း ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)က တောင်ကိုရီးယားပေါ်သို့ မကြာမီကာလအတွင်း လက်ကမ်းစာစောင် ၁၂ သန်းကြဲချခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံက ကျူးလွန်ထားသော ပြစ်မှုများအား ပြန်လည်ပေးဆပ်ရန် လက်တုံ့ပြန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဇွန် ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
ဗီယင်ကျန်း၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) China Railway Guangzhou Engineering Group (CRECGZ)ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သည့် တရုတ်-လာအို ရထားလမ်း Ban Nakokဥမင်လိုဏ်ခေါင်းသည် ဇွန်လ ၂၁ ရက်တွင် အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ကာတာနိုင်ငံမှ ပြန်လာသူ ၃ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၉၀ဦး ရှိလာခဲ့ကြောင်း သိရသည်။
ထိုင်အယ်ကျွမ်း၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျောက်ကျွမ်းမြို့တွင် တည်ရှိသည့် ထိုင်အယ်ကျွမ်း ရှေးဟောင်းမြို့လေးသည် ညအခါ မီးရောင်စုံများ ထိန်ထိန်လင်းကာ ဒြပ်မဲ့ယဉ်ကျေးမှု ဖျော်ဖြေပွဲများ၊ Barများ၊ ညဈေးတန်း၊ စားသောက်ဖွယ်မျိုးစုံဖြင့် စည်းကားလျက်ရှိသလို အပန်းဖြေလှော်ခတ်နေသည့် လှေငယ်လေးများကိုလည်း တွေ့မြင်နိုင်ကာ ဆက်ဆိုဟွန်းဟု ခေါ်သည့် ကြေးနှဲမှုတ်သံ၊တေးသီချင်းသီဆိုသံများဖြင့် ပျော်ရွှင်ကြည်နူးဖွယ်မြင်ကွင်းများကို...