ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ၂၀၁၉ခုနှစ်၊ ဧပြီလ လပတ်နှင့် ဧပြီလ ပထမ(၁၀) ရက်ပတ် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မတ် ၂၇ ရက် နေ့လည်ပိုင်းက ယာဉ်တိမ်းမှောက်ပြီး လူ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ကမ်ပါလာ၊ မတ် ၂၈ ရက် (ဆင်ဟွာ) ယူဂန်ဒါနိုင်ငံ မြောက်ပိုင်း ဒိုကိုလိုခရိုင် တွင် မတ် ၂၇ ရက်က ယာဉ်တိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၆ဦးသေဆုံးပြီး အခြားလူ ၅ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကိဗ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ ၌ မတ် ၃၁ ရက် တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ တွင် ပြည်ပရောက်ယူကရိန်းနိုင်ငံသား ၄၁၀,၀၀၀ ကျော် ပါဝင် ဆန္ဒမဲပေးမည်ဖြစ်ကြောင်း Interfax-Ukraine သတင်းဌာနက အကြီးတန်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
ဒမတ်စကပ်စ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုပြည်နယ် တွင် မတ် ၂၇ ၇က်က လမ်းမိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ စုစုပေါင်း လူ ၉ဦးသေဆုံးပြီးအခြားလူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန SANA ကဖော်ပြခဲ့သည်။