ခါတွမ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းရေးစစ်ကောင်စီ (TMC) နှင့် အတိုက်အခံဖြစ်သော Freedom and Change Alliance တို့သည် ဇူလိုင်လ ၁၇ ရက်တွင် နိုင်ငံရေးကြေညာစာတမ်းဆိုင်ရာ ကနဦးသဝဏ်လွှာများအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဟနွိုင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဖူသိုပြည်နယ်ရှိ မြစ်တစ်စင်းတွင် ရေကူးနေကြသော လူငယ် ၄ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဇူလိုင်လ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
မော်စကို၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ရုရှားတပ်မတော်(ရေ) အထိမ်းအမှတ်စစ်ရေးပြအခမ်းအခမ်းအနားများကို ရုရှားတစ်နိုင်ငံလုံး နှင့် ဆီးရီးယားရှိ ၎င်း၏ ရေတပ်အခြေစိုက်စခန်းများတွင် ဇူလိုင်လ ၂၈ ရက် ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ဇူလိုင် ၁၆ ရက်တွင်ပြောသည်။
ရန်ကုန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် ၇ ခုတွင် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09) ကြောင့် သေဆုံးသူ ဦးရေမှာ ဇူလိုင် ၁၆ ရက် အထိတွင် ၅၆ ဦးထိ ရှိလာခဲ့ကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးသူ...
ဘန်ကောက်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ပရာယွတ်ချန်-အို-ချာ ခေါင်းဆောင်သော အစိုးရအဖွဲ့သစ်တွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဇူလိုင်လ ၁၆ ရက်တွင်ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။