ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၅ ရက် မွန်းတည့် (၁၂)နာရီတွင် မြန်မာနိုင်ငံဘက်အခြမ်း ဇီးပင်ချောင်း ချောင်းဝကင်းစခန်း တွင် ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂ဝ၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများထပ်မံခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆိုဖီယာ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) ဘူဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာမြို့ အနီးတွင် သြဂုတ် ၂၅ ရက် က ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီးချောက်ထဲ ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဟူစတန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆက်ပြည်နယ်တွင် သြဂုတ်လ ၂၅ ရက် နေ့လယ်ပိုင်းက ရထားတစ်စင်းအား ထရပ်ကားငယ်တစ်စီးက ဝင်တိုက်ခဲ့ရာ လူ ၂ ဦးသေဆုံးခဲ့ပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒက် ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) အီရတ်လုံခြုံရေးတပ်ဖွဲ့က သြဂုတ် ၂၅ ရက်တွင် အီရတ်နိုင်ငံ ဒုတိယအကြီးဆုံးမြို့ Mosul မြို့အနီးတွင် စစ်ရေး လှုပ်ရှားမှုများပြုလုပ်ခဲ့ရာ IS အစွန်းရောက်လက်နက်ကိုင် ၁၀ ဦး အား သုတ်သင်ရှင်းလင်း ခဲ့ကြောင်း အီရတ်နိုင်ငံ စစ်ဘက်ဆိုင်ရာက ယင်းနေ့ပြောကြားခဲ့သည်။