ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆင်တို့တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ခရီးသွား လုပ်ငန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အဖြစ် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ဇာတ်ရုံ၌ ပြည်သူများအား အခမဲ့ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်း-ရုရှား နယ်စပ် တစ်လျှောက်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရာတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ယူကရိန်း၊ ရုရှားနှင့် အခြား အဖွဲ့အစည်းများအားလုံးနှင့် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်က ပြောကြားလိုက်သည်။
ပေါ်တူဂီ ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ လက်ရွေးစင် ကစားသမား နှင့် စပိန်နိုင်ငံ ရီယဲလ်မက်ဒရစ် ဘောလုံးအသင်း၏ ရှေ့တန်းတိုက်စစ်မှူးဖြစ်သူ ခရစ်စတီယာနိုရော်နယ်ဒိုသည် ၂ဝ၁၆ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေ အများဆုံး အားကစားသမားအဖြစ် အရွေးခံရကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ယာဉ်မတော်တဆမှု (၃၆)မှုဖြစ် ပွားခဲ့ပြီး အမျိုးသား(၅)ဦး၊ အမျိုးသမီး(ရ)ဦး စုစုပေါင်း (၁၂)ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။