ဆူဗာ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာ ကျွန်းနိုင်ငံတစ်ခုဖြစ်သည့် ဗာနူအာနိုင်ငံ ပင်လယ်ပြင်တွင် ဇန်နဝါရီ ၁၆ ရက်က ပြင်းအား ၆.၆ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
ဒါဗို့စီးတီး ၊ ဖိလစ်ပိုင် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဒါဗို့မြို့(Davao) ၌ ယနေ့ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် ပြင်းအား ၅.၉ အဆင့်ရှိ အင်အားအလယ်အလတ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ၊ ပျက်စီးဆုံးရှုံးမှုမရှိဟု မျှော်လင့်ရကြောင်း ဖိလစ်ပိုင်ငလျင်ကျွမ်းကျင်သူများက ဆိုသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ခု၊ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ပြည်သူ့အခြေပြု ဘတ်ဂျက် (Participatory Budget) ညှိနှိုင်းရေးဆွဲပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားအတွက် အလုပ်လုပ်ပေးနေသော သူလျှိုတစ်ဦးဖြစ်နိုင်ကြောင်း စွပ်စွဲချက်အပေါ် ရုရှားနိုင်ငံက ဇန်နဝါရီ ၁၅ ရက်တွင် ငြင်းဆိုလိုက်သည်။
ချုံကျင်း၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်းချုံကျင်းရှိ သဘာဝအလှအပများဖြင့်နံမည်ကျော်ကြားသည့် ယန်စီမြစ်၏ ညရှုခင်းအလှများကို ကြည့်ရှုနိုင်မည့် အစီအစဉ်တစ်ရပ်အဖြစ် ယန်စီမြစ်အပေါ်မှ ကေဘယ်လ်ကားများဖြင့် ဖြတ်သန်းကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။ ကေဘယ်လ်ကားစီးရင်း ညဘက် မီးရောင်စုံအလှဆင်ထားမှုများကို အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်ပြီး အပန်းဖြေနိုင်မည့်အစီအစဉ်ကို လူငယ်များအထူးစိတ်ဝင်တစားရှိကြောင်းသိရသည်။(Xinhua)