ရှန်ဟိုင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ယာဉ်ကြောပိတ်ဆို့ချိန်လော။ ဤလမ်းဘေးအတားအဆီးများက ဘာလုပ်ရမည်ကို အလိုအလျောက်သိပေသည်။ ရှန်ဟိုင်းမြို့တွင် ဉာဏ်ရည်ထည့်သွင်းထားသော ရွေ့လျားနိုင်သည့် အတားအဆီးများသည် ပြောင်းလဲနေသော ယာဉ်ကြောလိုအပ်ချက်နှင့်အညီ  အသွားအပြန် ယာဉ်လမ်းကြောင်းများကို အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲပေးနိုင်စွမ်းရှိသည်။ နေရာင်ခြည်စွမ်းအင်သုံး အဝေးထိန်းစနစ်နှင့် လည်ပတ်ဆောက်ရွက်သဖြင့် ယင်းအတားအဆီးများသည် မြို့တွင်လမ်းများအား ပိုမိုခေတ်မီစမတ်ကျကာ ဘေးကင်းလုံခြုံစေပြီး ယာဉ်ကြောရှင်းလင်းရာတွင်လည်း ချိန်ကုန်သက်သာစေသလို ပိုမိုလည်းထိရောက်မြန်ဆန်စေသည်။ (Xinhua)

……………………………………..

(English Version)

Shanghai rolls out intelligent movable barriers

Rush hour? These road barriers know what to do.

In Shanghai, intelligent movable barriers can switch traffic lanes in real time to match changing traffic demand.

Solar-powered and remotely operated, they're making city streets smarter, safer and more efficient.