ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
ကျဉ်းကျပ်သော နေရာများ၊ ရေကြီးရေလျှံနေသည့် လိုဏ်ခေါင်းများနှင့် ကျဉ်းမြောင်းသော မြေအောက် စင်္ကြံလမ်းများ စသည့် မည်သို့သောအခြေအနေမျိုးမှာမဆို State Grid Anhui က တီထွင်ဖန်တီးထုတ်လုပ်လိုက်သည့် ခြေခြောက်ချောင်းပါ သက်ရှိပုံစံအတိုင်း သွားလာနိုင်သော လျှပ်စစ်ဓာတ်အားလိုင်း စစ်ဆေးရေးစက်ရုပ်သည် အကြမ်းတမ်းဆုံး ပတ်ဝန်းကျင်အခြေအနေများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် တည်ဆောက်ထားခြင်းဖြစ်သည်။ အဆိုပါ စက်ရုပ်သည် လူသားများကိုယ်တိုင်သွားရောက် စစ်ဆေးရန်အတွက် အလွန်အန္တရာယ်များပြီး သွားလာရခက်ခဲသော ရေပြင်၊ အတာအဆီးများနှင့် ကျဉ်းမြောင်းသော မြေအောက်ဓာတ်အားလိုင်း စင်္ကြံလမ်းများထဲအထိ သွားလာလှုပ်ရှားနိုင်စွမ်းရှိသည်။ (Xinhua)
……………………………………..
(English Version)
Tight spaces? No problem for this hexapod robot
Tight spaces? Flooded tunnels? Low, narrow corridors? No problem.
This six-legged biomimetic power inspection robot, developed by State Grid Anhui, is built to tackle the toughest environments. It can navigate water, obstacles and confined underground power corridors where human inspections are difficult and risky.








