အရှေ့အလယ်ပိုင်း တင်းမာမှုများကြောင့် ဘရန့်ရေနံစိမ်းဈေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၀ အထိ ရောက်ရှိလာ

ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘော နှစ်စင်း တိုက်ခိုက်ခံရပြီးနောက် နိုင်ငံတကာဘရန့်ရေနံစိမ်းဈေးနှုန်းသည် ဇူလိုင် ၂၃ ရက် နံနက်ပိုင်း၌ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ အထိ ရောက်ရှိခဲ့ရာ နှစ်လအတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်လာခဲ့သည်။

စက်တင်ဘာလတင်ပို့မှုအတွက် ဘရန့်ရေနံစိမ်းဈေးနှုန်းမှာ လန်ဒန် ICE Futures Exchange ၌ တစ်စည်လျှင် ၁၀၀.၂၈ ဒေါ်လာအထိ မြင့်တက်ခဲ့ရာ ယခင်ပေးချေမှုထက် ငွေကြေးအားဖြင့် ၆.၂၁ ဒေါ်လာ၊ ၆.၆. ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ထို့ပြင် West Texas Intermediate က စက်တင်ဘာလတင်ပို့အတွက်မှာမူ တစ်ပွိုင့်လျှင် တစ်စည် ၉၁.၆၁ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး New York Mercantile Exchange ၌ ၄.၇၈ ဒေါ်လာ သို့မဟုတ် ၅.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။


တရုတ်သင်္ချာပညာရှင် တိန့်ယွိ နှင့် ဝမ်ဟုန် တို့ Fields Medals ဆုပေးအပ်ချီးမြှင့်ခံရ

တရုတ်သင်္ချာပညာရှင် Deng Yu နှင့် Wang Hong တို့သည် ဖီလာဒဲလ်ဖီးယားမြို့တွင် ဇူလိုင် ၂၃ ရက်၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် နိုင်ငံတကာ သင်္ချာပညာရှင်များညီလာခံ ဖွင့်ပွဲအခမ်းအနား၌ Fields Medals ဆု ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပြီး ဂုဏ်သိက္ခာကြီးမားသော ယင်းဆုကို ပထမဆုံးအကြိမ်အဖြစ် တရုတ်သင်္ချာပညာရှင်များက ဆွတ်ခူးရရှိခဲ့သည့် အထိမ်းအမှတ်လည်း ဖြစ်သည်။

နောက်ထပ် ၂၀၂၆ ခုနှစ် Fields Medals ရရှိခဲ့သူများမှာ အမေရိကန်နိုင်ငံမှ ဂျွန်ပါဒန်နှင့် ကနေဒါနိုင်ငံမှ ဂျေကော့ စင်မာမန်တို့ဖြစ်သည်။

Fields Medal ဆုသည် နိုင်ငံတကာ သင်္ချာပညာရပ်ဆိုင်ရာဆုဖြစ်ပြီး အသက် ၄၀ နှစ်အောက် လူငယ်သုတေသနပညာရှင် နှစ်ဦး သို့မဟုတ် လေးဦးကို လက်ရှိလုပ်ငန်း၌ ၎င်းတို့၏ ထူးချွန်သော သင်္ချာပညာရပ်ဆိုင်ရာ ‌အောင်မြင်မှုများနှင့် အနာဂတ်အောင်မြင်မှုအတွက် ၎င်းတို့၏ အလားအလာရှိမှုတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် လေးနှစ်တစ်ကြိမ် ပေးအပ်ချီးမြှင့်ခြင်း ဖြစ်သည်။


ဟူသီအဖွဲ့က သင်္ဘောများကို ဆက်လက်တိုက်ခိုက်မည်ဆိုပါက အီရန်အား “ကြီးမားသော စစ်ရေးပြစ်ဒဏ်ပေးမည်” ဟု ထရမ့် ခြိမ်းခြောက်

ဟူသီအဖွဲ့အနေဖြင့်  သင်္ဘောများကို ဆက်လက်တိုက်ခိုက်မည်ဆိုပါက ယီမင်နိုင်ငံ၏ ဟူသီအဖွဲ့နှင့် အီရန်နိုင်ငံတို့မှာ “ကြီးမားသော စစ်ရေးပြစ်ဒဏ်” နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၂၃ ရက်၌ သတိပေးလိုက်သည်။

ဟူသီအဖွဲ့က “ယမန်နေ့ညက ဆော်ဒီအာရေဗျသင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း” စွပ်စွဲလျက် ၎င်းအနေဖြင့် ယင်းအဖွဲ့ကို “လွန်စွာစိတ်ပျက်မိကြောင်း” ထရမ့်က Truth Social ၌ ပို့စ်ခဲ့သည်။

အကယ်၍ တိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်ပါက အမေရိကန်အနေဖြင့် အီရန်ကို တာဝန်ယူခိုင်းမည်ဟုလည်း ထရမ့်က ဆိုသည်။


ရှာဖွေရာတွင် ဘက်လိုက်မှုများနှင့် Play Store ကန့်သတ်ချက်များကြောင့် အီးယူက Google ကို ယူရို သန်း ၈၉၀ ဒဏ်ငွေရိုက်

Google က ရှာဖွေမှုရလဒ်များတွင် ၎င်းတို့၏ ကိုယ်ပိုင်ဝန်ဆောင်မှုများကို အသားပေးခြင်းနှင့် Play Store ပြင်ပရှိ ပိုမို‌ဈေးသက်သာသော ကမ်းလှမ်းမှုူများသို့ သုံးစွဲသူများ တိုက်ရိုက်ရောက်ရှိနိုင်ရန် အက်ပ်တီထွင်သူများ (app developers) အား တားဆီးထားခြင်း စသည်တို့ဖြင့် ဥရောပသမဂ္ဂ (EU) ဒစ်ဂျစ်တယ် ဈေးကွက်များဥပဒေကို ချိုးဖောက်ခဲ့သည့်အတွက် ဥရောပကော်မရှင်က Google ကို ဇူလိုင် ၂၃ ရက်က ဒဏ်ငွေ ယူရို သန်း ၈၉၀ (အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံခန့်) သတ်မှတ်ခဲ့သည်။

အီးယူ အမှုဆောင်အဖွဲ့က အက်ပ်တီထွင်သူများအပေါ် ကန့်သတ်ချက်များအတွက် ဒဏ်ငွေ ယူရို သန်း ၄၃၀ (အမေရိကန်ဒေါ်လာ ၄၉၁ သန်းခန့်) နှင့် ရှာဖွေရလဒ်များတွင် မိမိကိုယ်ကိုယ်ဦးစားပေးမှုအတွက် သီးခြားဒဏ်ငွေ ယူရို သန်း ၄၆၀ (အမေရိကန်ဒေါ်လာ ၅၂၅ သန်းခန့်) ချမှတ်ခဲ့သည်။

Google အနေဖြင့် ယင်းနှစ်ချက်လုံးကို ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်လုပ်ဆောင်ရန်လည်း အီးယူက ညွှန်ကြားထားသည်။  (Xinhua)

……………………………………..

(English Version)

Daily World Briefing, July 24

Brent crude price reaches 100 U.S. dollars due to Mideast tensions

International benchmark Brent crude rose to the highest level in two months, reaching 100 U.S. dollars per barrel on Thursday morning after two Saudi oil tankers were hit in the Red Sea.

Brent crude for September delivery climbed to 100.28 dollars per barrel on the London ICE Futures Exchange, up 6.21 dollars, or 6.6 percent, from the previous settlement.

Meanwhile, the West Texas Intermediate for September delivery reached 91.61 dollars per barrel at one point, up 4.78 dollars, or 5.5 percent on the New York Mercantile Exchange.


Chinese mathematicians Deng Yu, Wang Hong awarded Fields Medals

Chinese mathematicians Deng Yu and Wang Hong were awarded the Fields Medals at the opening ceremony of the 2026 International Congress of Mathematicians held here on Thursday, marking the first time Chinese mathematicians have won the prestigious honor.

The other recipients of the 2026 Fields Medals are American John Pardon and Canada's Jacob Tsimerman.

The Fields Medal is a top international mathematics prize awarded every four years to two to four young researchers under the age of 40 in recognition of their outstanding mathematical achievements in existing work and their promise of future achievement.


Trump threatens "major military punishment" on Iran, Houthis if attacks on ships continue

U.S. President Donald Trump warned on Thursday that Yemen's Houthi group and Iran would face "major military punishment" if the Houthis continue attacking ships.

In a Truth Social post, Trump said he was "very disappointed" with the Houthis, accusing the group of "shooting at two Saudi Arabian ships last night."

The United States would hold Iran responsible if the attacks continue, he said.


EU fines Google 890 mln euros over search bias, Play Store restrictions

The European Commission fined Google 890 million euros (about 1.02 billion U.S. dollars) on Thursday for breaching the European Union's Digital Markets Act by favoring its own services in search results and preventing app developers from directing users to cheaper offers outside its Play Store.

The EU executive imposed a 430 million euro (about 491 million dollars) fine over the restrictions on app developers and a separate 460 million euro (about 525 million dollars) penalty for self-preferencing in search results.

It ordered Google to end both practices within 60 days.