အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် ကျင်းပသော ၂၀၂၆ ခုနှစ် နိုင်ငံတကာ သင်္ချာပညာရှင် ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်သင်္ချာပညာရှင် 
တိန့်ယွိ Fields ဆုတံဆိပ် ရရှိသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် ကျင်းပသော ၂၀၂၆ ခုနှစ် နိုင်ငံတကာ သင်္ချာပညာရှင် ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်သင်္ချာပညာရှင် တိန့်ယွိ Fields ဆုတံဆိပ် ရရှိသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖီလာဒဲလ်ဖီးယား၊ အမေရိကန်နိုင်ငံ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် ဇူလိုင် ၂၃ ရက်က ကျင်းပသော ၂၀၂၆ ခုနှစ် နိုင်ငံတကာ သင်္ချာပညာရှင် ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်သင်္ချာပညာရှင် တိန့်ယွိနှင့် ဝမ်ဟုန် တို့က Fields ဆုတံဆိပ်များ ရရှိခဲ့သည်။ ယင်းမှာ တရုတ်နိုင်ငံသား သင်္ချာပညာရှင်များ၏ ပထမအကြိမ် Fields ဆုတံဆိပ် ရရှိခြင်းဖြစ်သည်။

Fields ဆုတံဆိပ်သည် လေးနှစ်လျှင် တစ်ကြိမ် ပေးအပ်ချီးမြှင့်လေ့ရှိပြီး တစ်ကြိမ်လျှင် ဆုတံဆိပ်ရရှိသူ ၄ ဦးထက် ပိုလေ့မရှိပေ။ အဆိုပါဆုတံဆိပ်ကို ဆုရရှိချိန်တွင် အသက် ၄၀ နှစ်အောက် သင်္ချာနယ်ပယ်တွင် ထူးချွန်ထက်မြက်စွာ အကျိုးသယ်ပိုးသော ပညာရှင်များကို ချီးမြှင့်ခြင်းဖြစ်သည်။ ယင်းသည် နိုင်ငံတကာ သင်္ချာနယ်ပယ်တွင် အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုများအနက် တစ်ခုဖြစ်ပြီး ၎င်းကို “သင်္ချာနယ်ပယ်က နိုဘယ်ဆု” ဟု ခေါ်ဝေါ်ကြကြောင်း သိရသည်။ (Xinhua)

..........................

(Chinese Version)

中国数学家邓煜、王虹获得菲尔兹奖

新华社照片,费城(美国),2026年7月23日

在7月23日于美国费城举行的2026年国际数学家大会开幕式上,中国数学家邓煜、王虹获得菲尔兹奖。这是中国籍数学家首次获得菲尔兹奖。

菲尔兹奖每4年颁发一次,每次获奖者通常不超过4位,奖励获奖时未满40岁、在数学领域作出杰出贡献的学者。这是国际数学界最高荣誉之一,被称为“数学界的诺贝尔奖”。

图说1:7月23日,在美国费城举行的2026年国际数学家大会开幕式上,中国数学家邓煜获得菲尔兹奖。 新华社记者 李睿 摄

图说2:7月23日,在美国费城举行的2026年国际数学家大会开幕式上,中国数学家王虹获得菲尔兹奖。新华社记者 李睿 摄