
ဗျူနိုအေးရိစ်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
အာဂျင်တီးနားအသင်းအတွက် ၁၇ နှစ်ကျော်ကြာ ကစားခဲ့ပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း နစ်ကိုလပ်စ် အော့တာမန်ဒီက ဇူလိုင် ၂၃ ရက်၌ ကြေညာခဲ့သည်။
၎င်းအနေဖြင့် နိုင်ငံတကာပွဲပေါင်း ၁၃၉ ပွဲ ကစားခဲ့ပြီး ကမ္ဘာ့ဖလားတစ်ကြိမ်နှင့် ကိုပါအမေရိကဖလားနှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဂုဏ်သိက္ခာရှိရှိဖြင့် နှုတ်ဆက်လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း အသက် ၃၈ နှစ်အရွယ် အော့တာမန်ဒီက ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့သည်။
"ဒီနေ့တော့ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ အခက်ခဲဆုံး စကားလုံးတွေကို ရေးသားရတော့မှာပါ" ဟု ၎င်းက ဆိုရှယ်မီဒီယာ၌ ပို့စ်တင်ကာ ပြောကြားခဲ့သည်။ "ကျွန်တော် ဟိုးငယ်ငယ်လေးကတည်းက အာဂျင်တီးနားအသင်းဂျာစီကို ဝတ်ဆင်ခွင့်ရဖို့ အိပ်မက်မက်ခဲ့ရတာပါ။ အဲဒါဟာ ဘောလုံးအားကစားက ကျွန်တော့်ကို အပ်နှင်းခဲ့တဲ့ အကြီးကျယ်အခမ်းနားဆုံး အခွင့်အရေးပါပဲ။ အဲဒါကို ကျွန်တော့်ရဲ့ အသက်ဝိညာဉ်၊ ဂုဏ်သိက္ခာနဲ့တင်မကဘဲ သန်းပေါင်းများစွာသော အာဂျင်တီးနား ပြည်သူတွေအတွက် အဲဒီအရာရဲ့ တန်ဖိုးကို နားလည်သိရှိထားတဲ့ တာဝန်သိစိတ်နဲ့ပါ ကာကွယ်စောင့်ရှောက်ခဲ့တာပါ" ဟုလည်း ၎င်းက ပြောသည်။
အော့တာမန်ဒီမှာ နယူးဂျာစီပြည်နယ်တွင် ဇူလိုင် ၁၉ ရက်က စပိန်အသင်းကို အချိန်ပို၌ ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် အာဂျင်တီးနားအသင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့ခြင်း ဖြစ်သည်။
အော့တာမန်ဒီက ၎င်းအနေဖြင့် ကစားသမားဘဝကို စိတ်ပျက်ဖွယ်ရာ အဆုံးသတ်ခဲ့ရသော်လည်း အာဂျင်တီးနားအတွက် ကစားခဲ့သည့် အချိန်ကာလများထဲမှ အပြုသဘောဆောင်သည့် အမှတ်တရများကိုသာ ယူဆောင်သွားမည်ဟု ဆိုသည်။
"ကျွန်တော့်ရဲ့ နောက်ဆုံးပွဲက ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဖြစ်လာဖို့ကို ကံတရားက စီရင်ဆုံးဖြတ်ခဲ့တာပါ" ဟုလည်း ၎င်းက ပြောသည်။ "အဲဒါက ကျွန်တော်တို့လိုချင်တဲ့ ရလဒ်မျိုးမဟုတ်ခဲ့ပေမဲ့ ဒီအသင်းဟာ နောက်ဆုံးစက္ကန့်အထိ ကြိုးစားခဲ့တယ်ဆိုတဲ့ အသိစိတ်နဲ့အတူ ဂုဏ်သိက္ခာရှိရှိနဲ့ပဲ နှုတ်ဆက်လမ်းခွဲခဲ့တာပါ" ဟု အော့တာမန်ဒီက ဆက်လက်ပြောသည်။
"ကျွန်တော် ကွင်းထဲမှာ အရာအားလုံးကို ချန်ရစ်ခဲ့ပြီး စိတ်အေးချမ်းစွာနဲ့ပဲ နှုတ်ဆက်လိုက်ရပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ မဆိုစလောက်လေးတောင် မခိုမကပ်ခဲ့ဘူး။ ဘယ်တုန်းကမှလည်း ကိုယ်ယုံကြည်တဲ့အရာကို မရပ်တန့်ခဲ့သလို ဒီအသင်းရဲ့ဂျာစီဟာ ကျွန်တော့်ဘဝတစ်သက်တာမှာ ဂုဏ်ယူစရာအကောင်းဆုံးဆိုတဲ့ ခံစားချက်ကလည်း ဘယ်တော့မှ ရပ်တန့်မသွားပါဘူး" ဟု ၎င်းက ဆိုသည်။
ကလပ်အသင်း ကစားသမားဘဝကို ပေါ်တို၊ မန်ချက်စတာစီးတီး၊ ဗလင်စီယာနှင့် ဘင်ဖီကာအသင်းတို့တွင် ဖြတ်သန်းခဲ့သည့် အော့တာမန်ဒီမှာ အာဂျင်တီးနား ထိပ်တန်းကလပ် ရေးဗားပလိတ်တွင် ဆက်လက်ကစားသွားမည်ဖြစ်သည်။ (Xinhua)
............................................................................
(English Version)
Otamendi calls time on Argentina career
BUENOS AIRES, July 23 (Xinhua) -- Nicolas Otamendi announced his retirement from Argentina's national team on Thursday after an international career spanning more than 17 years.
The 38-year-old said on social media that he departed with his "head held high" after 139 caps, a World Cup title and two Copa America crowns.
"Today I have to write the hardest words of my entire career," he said in a social media post. "I dreamed from a very young age of wearing the Argentina national team jersey; it was the greatest privilege football ever gave me. I defended it with my soul, with pride, and with the responsibility of knowing what it means to millions of Argentines."
Otamendi made his last appearance for Argentina in its 1-0 extra-time defeat to Spain in the World Cup final in New Jersey on Sunday.
Despite the disappointing end to his career, Otamendi said he would only take positive memories from his time with the Albiceleste.
"Fate willed that my final match would be a World Cup final," he said. "It wasn't the result we wanted, but I leave with my head held high knowing that this group tried until the very last second.
"I say goodbye with the peace of mind of having left everything out on the pitch. I never held back a single drop of effort, I never stopped believing, and I never stopped feeling that this jersey was the greatest honor of my life."
Otamendi, whose club career has included spells at Porto, Manchester City, Valencia and Benfica, will continue playing with River Plate in Argentina's top flight.
English Caption 1
Nicolas Otamendi of Argentina reacts after the quarter final match between Argentina and Switzerland at the 2026 FIFA World Cup at the Kansas City Stadium in Kansas City, the United States, July 11, 2026. (Xinhua/Xiao Yijiu)
English Caption 2
Nicolas Otamendi (front L) of Argentina vies with Mikel Merino of Spain during the final match between Spain and Argentina at the 2026 FIFA World Cup at the New York New Jersey Stadium, the United States, July 19, 2026. (Xinhua/Xiao Yijiu)








