ကနေဒါနိုင်ငံ တိုရွန်တိုအားကစားကွင်းတွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်က ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲစဉ်၌ ပေါ်တူဂီအသင်းအား ခရိုအေးရှားအသင်းက ရှုံးနိမ့်ပြီးနောက် ပရိသတ်များအား နှုတ်ဆက်နေသည့် လူကာမိုဒရစ် (ဝဲ-ပထမ) အား တွေ့ရစဉ် (ဆင်ဟွာ)
ကနေဒါနိုင်ငံ တိုရွန်တိုအားကစားကွင်းတွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်က ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲစဉ်၌ ပေါ်တူဂီအသင်းအား ခရိုအေးရှားအသင်းက ရှုံးနိမ့်ပြီးနောက် ပရိသတ်များအား နှုတ်ဆက်နေသည့် လူကာမိုဒရစ် (ဝဲ-ပထမ) အား တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ခရိုအေးရှား ဝါရင့်ကစားသမား လူကာမိုဒရစ်သည် အေစီမီလန်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုလိုက်ပြီး ၎င်း၏ ကစားသမားဘဝအား ၎င်းတို့အသင်းနှင့် ရှေ့ဆက်မည်ဖြစ်ကြောင်း အေစီမီလန်အသင်းက ဇူလိုင် ၂၃ ရက်၌ ကြေညာခဲ့သည်။  

စက်တင်ဘာလတွင် အသက် ၄၁ နှစ်ပြည့်မည့် မိုဒရစ်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် ၁၃ ရာသီဖြတ်သန်းခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ်တွင် အေစီမီလန်အသင်းသို့ ရောက်ရှိလာခဲ့သည်။ ၎င်း၏ ကနဦးစာချုပ်မှာ ဇွန် ၃၀ ရက်၌ သက်တမ်းကုန်းဆုံးခဲ့ပြီဖြစ်သည်။

၎င်းအနေဖြင့် အေစီမီလန်အသင်းတွင် ဆက်ရှိမည်၊ မရှိမည် သို့မဟုတ် ဘောလုံးလောကမှ အနားယူမည်၊ အနားမယူမည်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ချမှတ်မည်ဖြစ်ကြောင်း ယခင်က ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားအသင်းက ပေါ်တူဂီအသင်းအား ရှုံးနိမ့်ခဲ့ပြီး ၃၂ သင်းအဆင့်မှ ထွက်ခဲ့ရသည်။

"လူကာမိုဒရစ်က ၂၀၂၇ ခုနှစ် ဇွန် ၃၀ ရက်အထိ သက်တမ်းရှိတဲ့ နောက်ထပ်တစ်ရာသီစာအတွက် စာချုပ် ချုပ်ဆိုလိုက်ကြောင်းကို ကြေညာခွင့်ရတဲ့အတွက် အေစီမီလန်အသင်းအနေနဲ့ ဝမ်းသာမိပါတယ်" ဟု ကလပ်အသင်း၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

"အေစီမီလန်အသင်းရဲ့ ကွင်းလယ်မှာ အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ လူကာဟာ အသင်းကို ရောက်စကတည်းက သူ့ရဲ့ အတွေ့အကြုံနဲ့ အရည်အသွေးတွေကို ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ အသင်းအတွက် နှိမ့်ချမှုနဲ့ စိတ်အားထက်သန်မှုတွေနဲ့အတူ ယူဆောင်လာခဲ့တာပါ။ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးနဲ့ အထင်ကရ ကစားသမားတစ်ဦးဖြစ်တဲ့ ခရိုအေးရှားနိုင်ငံသား မိုဒရစ်ဟာ သူ့အနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ၃၇ ပွဲကစားပြီး ၂ ဂိုးသွင်းယူခဲ့တဲ့ အေစီမီလန်အသင်းရဲ့ အင်္ကျီနဲ့ သူ့ရဲ့ခရီးကို ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ပြီး အရေးကြီးတဲ့ မှတ်တိုင်သစ်တွေဆီကို ရောက်ရှိဖို့ ရည်မှန်းချက် ထားရှိထားပါတယ်" ဟုလည်း ကလပ်အသင်းက ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် Ballon d’Or ဆုရှင်ဖြစ်သည့် မိုဒရစ်သည် လာမည့်ရာသီတွင် ကျောနံပါတ် ၁၄ အင်္ကျီကို ဆက်လက်ဝတ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

ကနေဒါနိုင်ငံ တိုရွန်တိုအားကစားကွင်းတွင် ပေါ်တူဂီအသင်းနှင့် ခရိုအေးရှားအသင်းတို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲစဉ်အတွင်း မိုဒရစ် (ဝဲ) နှင့် ပေါ်တူဂီအသင်းမှ ခရစ္စတီယာနို ရော်နယ်ဒိုတို့ ဘောလုံးယှဉ်လုနေကြစဉ် (ဆင်ဟွာ)
ကနေဒါနိုင်ငံ တိုရွန်တိုအားကစားကွင်းတွင် ပေါ်တူဂီအသင်းနှင့် ခရိုအေးရှားအသင်းတို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ပွဲစဉ်အတွင်း မိုဒရစ် (ဝဲ) နှင့် ပေါ်တူဂီအသင်းမှ ခရစ္စတီယာနို ရော်နယ်ဒိုတို့ ဘောလုံးယှဉ်လုနေကြစဉ် (ဆင်ဟွာ)

.......................................................................

(English Version)

Modric signs new contract with AC Milan

ROME, July 23 (Xinhua) -- Luka Modric will continue his playing career with AC Milan, as the Croatia veteran signed a new contract with the Rossoneri, the club confirmed on Thursday.

Modric, who turns 41 in September, joined AC Milan last year after 13 seasons with Real Madrid. His original contract had expired on June 30.

He had previously stated he would make a decision on whether to stay at the club or retire after the 2026 World Cup, where Croatia lost to Portugal and exited in the round of 32.

"AC Milan is pleased to announce that Luka Modric has signed a contract for a further season, until June 30, 2027," read a club statement.

"A key figure in the Rossoneri midfield since his arrival, Luka has brought his experience and quality to the service of the team, both on and off the pitch, with humility and great passion. One of the finest and most iconic players in world football, the Croatian will continue his journey in the Rossoneri shirt - with which he made 37 appearances and scored two goals last season - with the ambition to reach new, important milestones."

The 2018 Ballon d'Or winner will continue to wear the No. 14 shirt next season.  ■

English Caption 1

Luka Modric (1st L) greets fans after Croatia's round of 32 defeat to Portugal at the 2026 FIFA World Cup at Toronto Stadium, Canada, July 2, 2026. (Photo by Yang Shu/Xinhua)

English Caption 2

Modric (L) and Portugal's Cristiano Ronaldo in action during the match. (Photo by Zou Zheng/Xinhua)