တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံက ဇူလိုင် ၂၃ ရက်တွင် တရုတ်နိုင်ငံထံ ချင်းမင်းဆက် ကျောက်ခြင်္သေ့ရုပ်တုတစ်စုံကို ပြန်လည်ပေးအပ်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ယင်းနှင့် စပ်လျဉ်း၍ ဇူလိုင် ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ဂျပန်လုယက်မှုကို ခံခဲ့ရသော ချင်းမင်းဆက် ကျောက်ခြင်္သေ့ရုပ်အား တောင်ကိုရီးယားနိုင်ငံဘက်က ပြန်လည်ပေးအပ်မှုအပေါ် အထူးတန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံလုံးသည် သမိုင်းတွင် ဂျပန်စစ်ဝါဒ၏ ကျူးကျော်မှုခံခဲ့ရပြီး ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ဆုံးရှုံးရသည့် နာကျင်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ တောင်ကိုရီးယားနိုင်ငံက တရုတ်နိုင်ငံထံ ချင်းမင်းဆက် ကျောက်ခြင်္သေ့ရုပ် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းကို ပြန်လည်ပေးအပ်ခြင်းသည် ယခုနှစ် ဇန်နဝါရီလ နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုတွင် ရရှိသော အရေးကြီး သဘောတူညီချက်များကို ဖော်ဆောင်ရန် လက်တွေ့အစီအမံများဖြစ်ရာ တရုတ်နှင့် တောင်ကိုရီးယားတို့သည် သမိုင်းကိုအမှတ်ရ၍ လက်တွဲ ပူးပေါင်းဆောင်ရွက်မည့် အပြုသဘောဆောင်သော ဆန္ဒကို ထင်ဟပ်စေခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)

.............................

(Chinese Version)

外交部:高度赞赏韩方赠还被日本掠夺的清代石狮

新华社北京7月24日电(记者冯歆然、马卓言)韩国于7月23日向中国赠还一对清代石狮。外交部发言人林剑24日在例行记者会上就此答问时表示,中方对韩方赠还被日本掠夺的清代石狮表示高度赞赏。

林剑说,中韩历史上都曾遭受日本军国主义侵略,都曾经历文物流失的伤痛。韩国向中国赠还清代石狮文物,是落实今年1月两国元首会晤重要共识的具体举措,彰显了中韩铭记历史、携手合作的积极意愿。(完)