
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်သည် အမေရိကန်နိုင်ငံ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ညွှန်ကြားရေးမှူး Kash Patel နှင့် ဇူလိုင် ၂၄ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရှောင်ဟုန်က ယခုနှစ် မေလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်တို့ သမိုင်းဝင် တွေ့ဆုံဆွေးနွေးပြီး နှစ်ဖက်ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် တိုးတက်ရာဦးတည်ချက်ကို လမ်းညွှန်မှုပြုခဲ့ကြကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်ကို ကောင်းမွန်စွာ ဖော်ဆောင်ရန်၊ အပြန်အလှန်လေးစားမှုအခြေခံပေါ်တွင် ပိုမို အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန်၊ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေး၊ ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုနှင့် အရွယ်မရောက်သေးသော ကလေးငယ်များအား လိင်အမြတ်ထုတ်မှု တိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှုအား တိုက်ဖျက်ရေး၊ တရားခံပြေးများအား လိုက်လံဖမ်းဆီးရေး စသည့် ကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ ထင်သာမြင်သာရှိသော ရလဒ်များ ပိုမို ရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်၊ အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်မှုကို အားဖြည့်ကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးဆောင်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် တရားဥပဒေစိုးမိုးရေးကဏ္ဍတွင် ပူးပေါင်းဖလှယ်မှုများ ဆက်လက်နက်ရှိုင်းစွာ ဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့ကြသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
王小洪会见美国联邦调查局局长帕特尔
新华社北京7月24日电(记者马卓言)国务委员、公安部部长王小洪24日在京会见美国联邦调查局局长帕特尔。
王小洪表示,今年5月,习近平主席同特朗普总统举行历史性会晤,为双方各领域合作指明了前进方向。希望双方落实好两国元首重要共识,在相互尊重基础上开展更多建设性对话,深化禁毒、打击电信网络诈骗和儿童色情犯罪、反洗钱、追逃等领域务实合作,努力取得更多可视化成果,助力构建中美建设性战略稳定关系,更好造福两国人民。
双方同意在执法领域继续深化交流合作。(完)
1. 7月24日,国务委员、公安部部长王小洪在北京会见美国联邦调查局局长帕特尔。 新华社记者 岳月伟 摄








