
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
မူကြိုအဆင့်မှ အထက်တန်းအဆင့်အထိ ကမ္ဘာ့အကြီးဆုံးနှင့် အခိုင်မာဆုံး အခြေခံပညာရေးစနစ်များ တည်ဆောက်ထားသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ပညာရေးကဏ္ဍအား ကျောင်းသား၊ ကျောင်းသူများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအလေးထားသည့် အဆင့်သစ်သို့ မြှင့်တင်ပြောင်းလဲလျက်ရှိကြောင်း သိရသည်။
ပေကျင်းမြို့တွင် ဇူလိုင် ၂၂ ရက်က ကျင်းပသည့် နိုင်ငံအဆင့် အစည်းအဝေး၌ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ ကျန်းမာရေးဦးစားပေးချဉ်းကပ်မှု၊ ကောင်းမွန်သည့် ပညာရေးအရင်းအမြစ်များ ခွဲဝေအသုံးပြုမှုနှင့် စာသင်ကျောင်းများ၊ မိသားစုများနှင့် လူမှုအဖွဲ့အစည်းများအကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုကို အလေးထားသည့် အခြေခံပညာရေး၏ နောက်တစ်ဆင့်အတွက် ဦးစားပေးချက်များကို ထုတ်ပြန်ခဲ့သည်။
ယင်းအစည်းအဝေးသို့ ပေးပို့သော ညွှန်ကြားချက်တွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အခြေခံပညာရေးကို ပိုမိုကျယ်ပြန့်သော ပညာရေးဆိုင်ရာ မဟာဗျူဟာ၏ အုတ်မြစ်အဖြစ် ထားရှိကာ ပညာရေးကဏ္ဍ ဦးဆောင်နိုင်ငံဖြစ်လာရေး ရည်မှန်းချက်အတွက် အခြေခံချမှတ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ကိုယ်ကျင့်တရားနှင့် ကျန်းမာရေး
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး အခြေခံပညာရေးစနစ်ရှိသော နိုင်ငံဖြစ်သည်။ လက်ရှိ တရုတ်နိုင်ငံ၌ မူလတန်း၊ အလယ်တန်း စာသင်ကျောင်းများနှင့် မူကြိုကျောင်း ၄၃၀,၀၀၀ ခန့်ရှိကာ ကျောင်းသား၊ ကျောင်းသူ သန်း ၂၂၀ ပညာသင်ကြားလျက်ရှိသည်။
တရုတ်နိုင်ငံ၏ အခြေခံပညာရေးလွှမ်းခြုံမှုနှင့် အဓိကအညွှန်းကိန်းများမှာ ဝင်ငွေ မြင့်မား-အလယ်အလတ်အဆင့် နိုင်ငံများ၏ ပျမ်းမျှအဆင့်များကို ကျော်လွန်သွားပြီဖြစ်ကြောင်း၊ မူကြိုနှင့် မသင်မနေရပညာရေးမှာလည်း ဝင်ငွေမြင့်မားသော နိုင်ငံများ၏ ပျမ်းမျှအဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနဝန်ကြီး ဟွိုင်ကျင့်ဖုန်က ယခုနှစ် မတ်လ၌ ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260723/65e87c907f944509856afe3f003708c8/c.html
……………………………………..
(English Version)
Xi Focus: China aims to elevate basic education with focus on virtue, health and equity
BEIJING, July 23 (Xinhua) -- China, which has built one of the world's largest and strongest basic education systems spanning preschool through senior high, is moving to take the sector to a new level that will place greater emphasis on the well-rounded development of students.
At a national meeting held in Beijing on Wednesday, priorities for the next phase of basic education were laid out, with an emphasis on moral development, a health-first approach, better allocation of educational resources, and closer coordination among schools, families and society.
In an instruction conveyed at the meeting, President Xi Jinping said China has treated basic education as a cornerstone of its broader education strategy, laying a solid foundation for its goal of becoming a leading country in education.
VIRTUE, HEALTH
China is home to the world's largest basic education system. The country now has around 430,000 primary and secondary schools and kindergartens, serving 220 million students.
In March, Education Minister Huai Jinpeng said China's basic education coverage and key indicators had surpassed the average levels of upper-middle-income countries, with preschool and compulsory education reaching the averages of high-income countries.
https://english.news.cn/20260723/65e87c907f944509856afe3f003708c8/c.html
Photo: Children take part in a waste-sorting simulation at a kindergarten in Suzhou, east China's Jiangsu Province, on June 3, 2025. (Photo by Hang Xingwei/Xinhua)







