
ဂျကာတာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဆူလာဝေစီကျွန်း Gorontalo ပြည်နယ် အနီးတစ်ဝိုက်ပင်လယ်ပြင်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၁ ဦး လိုက်ပါလာသော အမြန်ရေယာဉ်တစ်စင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း၊ လက်ရှိတွင် ပူးတွဲရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် ရှာဖွေကယ်ဆယ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိကြောင်း အင်ဒိုနီးရှားမီဒီယာများက ဇူလိုင် ၂၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဒေသစံတော်ချိန် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် အဆိုပါ အမြန်ရေယာဉ်သည် ဆူလာဝေစီပြည်နယ် Tojo Una-Una ခရိုင်မှ စတင်ထွက်ခွာပြီး Gorontalo ပြည်နယ် Pohuwato ခရိုင်သို့ သွားရောက်ခဲ့ကြောင်း၊ သို့သော် ရေယာဉ်သည် တိုမီနီပင်လယ်အော်အား ဖြတ်သန်းသွားစဉ် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ဒေသခံ ရှာဖွေကယ်ဆယ်ရေးဌာနက ဇူလိုင် ၂၄ ရက်တွင် အဆက်အသွယ်ပြတ်တောက်သည်ဟု အစီရင်ခံတင်ပြမှု လက်ခံရရှိခဲ့ကြောင်း Gorontalo ပြည်နယ် ရှာဖွေကယ်ဆယ်ရေးရုံး အကြီးအကဲ Heriyanto က မီဒီယာများအား ဆိုခဲ့သည်။
အဆက်အသွယ်ပြတ်တောက်သွားသည့် ရေယာဉ်ပေါ်တွင် စုစုပေါင်း လူ ၁၃ ဦးပါဝင်ပြီး အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောဝန်ထမ်း ၂ ဦးနှင့် ဥရောပနိုင်ငံများမှ ခရီးသွားဧည့်သည် ၁၁ ဦး ပါဝင်ကြောင်း၊ ဒေသတွင်း ရှာဖွေကယ်ဆယ်ရေးဌာနသည် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် အကြီးစား ပင်လယ်ပြင်ရှာဖွေမှုလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း Heriyanto က ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
载有11名外国游客的快艇在印尼东部海域失联
新华社雅加达7月25日电(记者张怡晟)据印度尼西亚媒体25日报道,一艘载有11名外国游客的快艇在该国东部苏拉威西岛哥伦打洛省附近海域失联。目前,联合搜救队正在展开搜救行动。
哥伦打洛省搜救局局长赫里扬托对媒体表示,当地时间24日清晨,这艘快艇从中苏拉威西省托久乌纳乌纳县出发,前往哥伦打洛省波胡瓦托县。但船只在途经托米尼湾时失联,当地搜救部门24日下午接到失联报告。
赫里扬托说,失联快艇上共有13人,包括2名印尼籍船员及11名来自欧洲国家的游客。当地救援部门已于25日晨间展开大规模海面搜寻。(完)
图说:7月25日,在印度尼西亚苏拉威西岛哥伦打洛省,救援人员做搜救准备。新华社发(法特玛摄)








