
ပေကျင်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသားတစ်ဦးအား ပြန်ပေးဆွဲ၊ သတ်ဖြတ်မှု ဖြစ်စဉ်နောက်ကွယ်မှ အဓိက သံသယရှိသူတစ်ဦးအား ယခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့သည်။ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ကလည်း သံသယဖြစ်ဖွယ် ကြီးလေးသော အကြမ်းဖက်မှုများအတွက် အလိုရှိနေသည့် တရားခံပြေးတစ်ဦးအား အမေရိကန် အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပူးတွဲထိန်းချုပ်ရေးတွင်လည်း တိုးတက်မှုများ ရရှိခဲ့သည်။ နှစ်နိုင်ငံ မူးယစ်နှိမ်နင်းရေးဌာနများသည် ဧပြီလ၌ နယ်စပ်ဖြတ်ကျော် မူးယစ်မှောင်ခိုကူးသည့် ဖြစ်စဉ်တစ်ခုကို ဖော်ထုတ်နှိမ်နင်းခဲ့ပြီး နှစ်နိုင်ငံစလုံးတွင် ချိတ်ဆက်လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးများအတွင်း သံသယရှိသူ ငါးဦးအား ဖမ်းဆီးနိုင်ခဲ့သည်။
ထိုသို့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည့်အတွက် နှစ်ဖက်စလုံးမှ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးဂုဏ်ပြုမှုများ ရရှိခဲ့သည်။ ယင်းသည် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးအတွက် တူညီသော စိတ်ပိုင်းဖြတ်မှုကို ထင်ဟပ်စေသကဲ့သို့ နှစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးကို သယ်ပိုးထမ်းရွက်နိုင်ပြီး နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်မှုကို မြှင့်တင်ရာတွင် အထောက်အကူပြုနိုင်သော ခိုင်မာသေချာသည့် ရလဒ်များအား လက်တွဲညီညီ ဆောင်ကြဉ်းပေးနိုင်သည်ကိုလည်း ထင်ထင်ရှားရှား ပြသလျက်ရှိပေသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260725/0b6b4f2f8115414197fee37bc64f2696/c.html
...............................................................
(English Version)
China-U.S. law enforcement cooperation serves public interests, promotes stable ties
BEIJING, July 25 (Xinhua) -- This week, a key suspect behind the kidnapping and murder of a Chinese citizen was repatriated to China from the United States. Chinese police handed over a fugitive wanted for suspected serious violent crimes to U.S. authorities.
The two countries have also made progress in joint narcotics control. Their anti-drug agencies cracked a cross-border drug trafficking case in April, arresting five suspects in coordinated operations in both countries.
The successful cooperation on law enforcement has won wide acclaim from both sides. It reflects the shared determination to combat transnational crime, and demonstrates that the two countries can work together to deliver tangible results that serve the interests of the two peoples and help promote stable bilateral ties.
https://english.news.cn/20260725/0b6b4f2f8115414197fee37bc64f2696/c.html








