
ဆန်းရှား၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
တရုတ်ကမ်းခြေစောင့်တပ်သည် ဇူလိုင် ၂၆ ရက် ည ၁၀ နာရီ ၃၈ မိနစ်၊ ည ၁၁ နာရီ ၃၂ မိနစ်တွင် တရုတ်နိုင်ငံ နန်ရှားကျွန်းစု အနီးတစ်ဝိုက် ပင်လယ်ပြင်၌ အန္တရာယ်ကြုံတွေ့သူ ဗီယက်နမ်နိုင်ငံသား ၂ ဦးအား အောင်မြင်စွာ ထပ်မံကယ်တင်နိုင်ခဲ့ကြောင်း၊ ၎င်းတို့မှာ အသက်ရှင်မှု ကျန်းမာရေးလက္ခဏာများ ကောင်းမွန်လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ တရုတ်ဘက်က အန္တရာယ်ကြုံတွေ့သူ ဗီယက်နမ်နိုင်ငံသား စုစုပေါင်း ၄၇ ဦးအား အောင်မြင်စွာ ကယ်တင်ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ ဆန်းရှားရေကြောင်းလုံခြုံရေးဦးစီးဌာနမှ သိရသည်။
ဇူလိုင် ၂၅ ရက် ညနေ ၆ နာရီ ၂၃ မိနစ်ခန့်တွင် တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန တောင်တရုတ်ပင်လယ် ကူညီကယ်ဆယ်ရေးဌာန “တောင်တရုတ်ပင်လယ် ကယ်ဆယ်ရေး ၁၁၅” သင်္ဘောသည် နန်ရှားကျွန်းစု ရုန်ဆူသောင်ကျွန်းအနီးတစ်ဝိုက် ပင်လယ်ပြင်၌ အန္တရာယ်ကြုံတွေ့သူ ဗီယက်နမ်နိုင်ငံသား များစွာကို တွေ့ရှိ၍ အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။ အတည်ပြုချက်အရ ဗီယက်နမ်နိုင်ငံ သင်္ဘော “KHOI NGUYEN 18” သည် ဇူလိုင် ၂၄ ရက် ညပိုင်းတွင် နန်ရှားကျွန်းစု ရုန်ဆူသောင်ကျွန်းအနီးတစ်ဝိုက် ပင်လယ်ပြင်၌ အန္တရာယ်ကြုံတွေ့၍ နစ်မြုပ်သွားကြောင်း သိရသည်။
တရုတ်ကမ်းခြေစောင့်တပ်သည် ဇူလိုင် ၂၅ ရက်တွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးစင်တာ၏ သတင်းပေးပို့မှု လက်ခံရရှိပြီးနောက် အချင်းဖြစ်ပွားရာပင်လယ်ပြင်သို့ ချက်ချင်း ကမ်းခြေစောင့်တပ်ရေယာဉ်နှစ်စင်း စေလွှတ်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြောင်း၊ ဇူလိုင် ၂၆ ရက် ညပိုင်းတွင် တရုတ်ကမ်းခြေစောင့်တပ် ရွှမ်းတယ်ရေယာဉ်၊ နန်ရှားရေယာဉ်တို့သည် ရှာဖွေကယ်ဆယ်ရေး ဆက်တိုက်လုပ်ဆောင်နေစဉ်အတွင်း ရွှမ်းတယ်ရေယာဉ်က ရှေးဦးစွာ ရေထဲကျနေသည့် အန္တရာယ်ကြုံတွေ့သော ဗီယက်နမ် နိုင်ငံသား ၂ ဦးကို ရှေ့ဆင့်နောက်ဆင့်တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်း အလျင်အမြန် လုပ်ဆောင်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်က ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ကယ်ဆယ်နိုင်သူ ၂ ဦးကို ဇူလိုင် ၂၇ ရက်တွင် အချင်းဖြစ်ပွားရာနေရာရှိ ကယ်ဆယ်ရေး ညွှန်ကြားမှုသင်္ဘော “တောင်တရုတ်ပင်လယ် ကယ်ဆယ်ရေး ၁၁၅” သို့ ရွှေ့ပြောင်းပို့ဆောင်ကာ သင့်လျော်ကောင်းမွန်စွာ နေရာချထားပြီးဖြစ်ကြောင်း၊ အခြားကယ်ဆယ်ရရှိသူများကိုလည်း တရုတ်ဘက်သင်္ဘောမှ အချင်းဖြစ်ပွားရာနေရာရှိ ဗီယက်နမ်ဘက်သင်္ဘောပေါ်သို့ ရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အပူတပြင်းလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
又救2名 中国海警共成功救援47名越南籍遇险人员
新华社三沙7月27日电(记者夏天)记者从三沙海事局获悉,在26日22时38分、23时32分,中国海警船在中国南沙群岛附近海域成功救援2名越南籍遇险人员,生命体征均正常。截至目前,中方共成功救援47名越南籍遇险人员。
7月25日18时23分许,交通运输部南海救助局“南海救115”轮在南沙永暑礁附近海域发现并成功救援多名越南籍遇险人员。经核实,一艘越南籍船舶“KHOI
NGUYEN 18”于7月24日晚间在南沙永暑礁附近海域遇险沉没。
记者从中国海警发布的消息获悉,7月25日,中国海警接海南省海上搜救中心通报后,立即派遣两艘海警舰赶赴事发海域展开搜救。7月26日晚,中国海警宣德舰、南沙舰在持续开展搜救过程中,宣德舰先后发现两名落水越南籍遇险人员,并迅速开展施救。
据悉,两名获救人员将于27日转运至现场救援指挥船“南海救115”轮妥善安置,其余获救人员也将陆续从中方船舶转移至现场越方船舶。目前,救援行动仍在紧张进行中。(完)
图说:5月1日,海警川山舰在黄岩岛礁盘附近巡航值守(无人机照片)。新华社记者 陈斌 摄








