
ဆန်းကျန့် (ကွမ်တုန်း)၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
နိုင်ငံတကာ ဒီရေတောစင်တာ၏ ပထမအကြိမ် ကောင်စီအစည်းအဝေးနှင့် ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်တွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ ကျင်းပခဲ့သည်။ ယင်းက နိုင်ငံတကာ ဒီရေတောစင်တာသည် ကမ္ဘာလုံးဆိုင်ရာ အစီအမံမှ လက်တွေ့ လုပ်ငန်းလည်ပတ်မှုအဆင့်သို့ တရားဝင်ကူးပြောင်းလာသည့် အမှတ်သင်္ကေတပင်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ဒီရေတောထိန်းသိမ်းမှုဆိုင်ရာ အစိုးရအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကဏ္ဍကို မြှင့်တင်ရာတွင် တရုတ်အစိုးရ၏ လက်တွေ့ကျမှုနှင့် တာဝန်ယူမှုကို ပြသခဲ့သည်။
အဆိုပါ ပထမအကြိမ် ကောင်စီအစည်းအဝေးကို နိုင်ငံတကာ ဒီရေတောစင်တာ၏ အဖွဲ့ဝင်နိုင်ငံများ၊ လက်မှတ်ရေးထိုးထားသောနိုင်ငံများနှင့် လေ့လာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် မဟာဗျူဟာစီမံကိန်းနှင့် လုပ်ထုံးလုပ်နည်းစည်းမျဉ်းများ စသည့် အဖွဲ့အစည်းဆိုင်ရာစာရွက်စာတမ်းများစွာကို သုံးသပ် အတည်ပြုခဲ့ပြီး နိုင်ငံတကာ ဒီရေတောစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ်ကို ခန့်အပ်ခဲ့သည်။ နိုင်ငံတကာ ဒီရေတောစင်တာ၏ အတွင်းရေးမှူးရုံးကို ဆန်းကျန့်မြို့တွင် တရားဝင်တည်ထောင်ခဲ့သည်။ (Xinhua)
...........................
(Chinese Version)
国际红树林中心正式运行
新华社照片,深圳(广东),2026年7月26日
7月26日,国际红树林中心第一次理事会会议暨揭牌仪式在深圳举行,标志着国际红树林中心从全球倡议正式进入实体化运行阶段,展现了中国政府在推动全球红树林保护政府间协同方面的务实与担当。
来自国际红树林中心的成员国、签署国和观察员机构的代表出席第一次理事会,审议通过了战略计划、议事规则等系列制度文件,任命国际红树林中心秘书长。国际红树林中心秘书处正式落户深圳。
图说1:这是7月26日拍摄的国际红树林中心第一次理事会会议开幕式现场。 新华社记者 梁旭 摄
图说2:这是国际红树林中心标识(6月24日摄)。新华社记者 梁旭 摄








