ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့ရှိ အနုပညာအထက်တန်းကျောင်းတွင် ကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်သည့် အတတ်ပညာ သင်ကြားပေးသည့် လက်မှုအလုပ်ရုံအတွင်း သစ်သားတုံးများကို ထုရိုက်ပုံဖော်ခြင်း၊ ထွင်းထုခြင်း၊ လှီးဖြတ်ထုလုပ်ခြင်း စသည်ဖြင့် သင်တန်းသား၊သင်တန်းသူများသည် မြန်မာနိုင်ငံ၏ ရှေးအကျဆုံး ရိုးရာအနုပညာများထဲမှ တစ်ခုဖြစ်သည့် ရုပ်သေးရုပ်ပြုလုပ်နည်းကို စနစ်တကျ သင်ယူလျက်ရှိကြသည်။
သင်တန်းသားများသည် ပုံကြမ်းများကို လေ့လာခြင်း၊ အချိုးအစားများ တိုင်းတာခြင်းနှင့် သစ်သားတုံးများကို ရုပ်သေး၏ မျက်နှာနှင့် ကိုယ်ခန္ဓာပုံစံများအဖြစ် ထုလုပ်ခြင်းတို့ကို လေ့ကျင့်ကြသည်။ ၎င်းတို့မှာ မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်မှု လက်မှုပညာကို ပြန်လည်ရှင်သန်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် တစ်နှစ်တာကြာမြင့်မည့် သင်တန်း၏ ပထမဆုံး သင်တန်းသားများဖြစ်ကြသည်။
မြန်မာ့ရိုးရာ ကြိုးဆွဲရုပ်သေး (Yoke Thé) များမှာ သစ်သားဖြင့် အနုစိတ်ထုလုပ်ထားသော ကိုယ်ထည်၊ အရောင်အသွေးတောက်ပသည့် နန်းတွင်း အဆင်အယင် ဝတ်စုံများနှင့် အရုပ်ကြိုးအထိန်း ၁၈ မှ ၁၉ ချောင်းပါဝင်သည့် အနုပညာမြောက် ရုပ်သေးများဖြစ်သည်။
အဆိုပါ သင်တန်းကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး၊ ရုပ်သေးရုပ်ပြုလုပ်သည့် ကျွမ်းကျင်လက်မှုပညာရှင်များ တဖြည်းဖြည်းနည်းပါးလာခြင်းကြောင့် ပျောက်ကွယ်မည့်အန္တရာယ်ရှိနေသော ရိုးရာပညာကို ထိန်းသိမ်းနိုင်ရန် သင်တန်းသား ၁၀ ဦးကို လက်ခံသင်ကြားလျက်ရှိသည်။
“ဒီလို သင်တန်းဖွင့်လှစ်တာက ယဉ်ကျေးမှုအမွေအနှစ်ကို ပြန်လည်ဖော်ထုတ်တဲ့ အနေနဲ့ ကောင်းမွန်ပါတယ်၊ တခြား မြန်မာ့ရိုးရာယဉ်ကျေးမှုကို မသိတဲ့သူတွေအတွက်လည်း ပြန်ပြီးတော့ သိရှိလာစေတယ်၊ မြန်မာ့ယဉ်ကျေးမှုမှာ ဘာတွေရှိတယ်၊ ဘယ်လိုထိန်းသိမ်းနေလဲဆိုတာကို ပိုပြီးသိရတဲ့အတွက် ဂုဏ်ယူမိတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ သင်တန်းလာတက်နေသည့် အသက် ၂၂ နှစ်အရွယ် ကိုပြည့်ဖြိုးဝေက ဆင်ဟွာသို့ ပြောသည်။
ထိုသင်တန်းတွင် ပါဝင်တက်ရောက်လျက်ရှိသည့် တစ်ဦးတည်းသော အမျိုးသမီး သင်တန်းသူလည်းဖြစ်၊ 90's Doh Ywer ဆိုင်ကို တည်ထောင်ဖွင့်လှစ်ထားသူလည်း ဖြစ်သူ မရိန်းလွှမ်းရည်က အဆိုပါ သင်တန်းက ၎င်း၏ စီးပွားရေးကို အထောက်အကူပြုသည်ဟု ဆိုသည်။ ၎င်းက မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်နှင့် ကျေးလက်ရိုးရာလူနေမှုဘဝကို စိတ်ကူးစိတ်သန်းရယူ၍ထုတ်လုပ်ထားသော ထုတ်ကုန်များဖြင့် blind box ဆိုင် ဖွင့်လှစ်ထားသည်။
“သင်တန်း ပြီးသွားတဲ့အခါ သင်တန်းမှာ ရှိနေတုန်း အချိန်မှာတင် မျှော်လင့်ထားတာကတော့ ဒီရုပ်သေး Blind Box လေး လုပ်ဖြစ်အောင်တော့ ကြိုးစားနေတယ်၊ သင်တန်း ပြီးသွားတဲ့အချိန်နဲ့ သူတို့ project နဲ့ အကုန် ကွက်တိ ဖြစ်သွားရင်လည်း ဖြစ်သွားမယ်၊ စောရင်လည်း စောမယ်ပေါ့နော်။ သေချာတာတစ်ခုကတော့ ဒီရုပ်သေး Blind Box ကို အမှန်တကယ် ထုတ်လုပ်သွားမှာပါ" ဟု ဆင်ဟွာသို့ ပြောသည်။
မြန်မာ့ရုပ်သေး၏ ရုပ်သေးကပြဖျော်ဖြေခြင်း ကြိုးဆွဲပညာရပ်များကို ရန်ကုန်နှင့် မန္တလေးရှိ အနုပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ဆက်လက် သင်ကြားပေးလျက်ရှိသော်ငြားလည်း ရုပ်သေးရုပ်ပြုလုပ်သည့် လက်မှုပညာရှင် အရေအတွက် လျော့နည်းလာနေခြင်းအပေါ် စိုးရိမ်မှုများ မြင့်တက်လာသည့်အတွက် အဆိုပါသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
________________
Myanmar launches training program to preserve traditional puppet-making craft
The rhythmic scrape of chisels echoes through a workshop at the State High School of Arts in Yangon, where blocks of wood gradually take shape under the careful hands of students learning one of Myanmar's oldest artistic traditions.
In the workshop, the trainees study sketches, measure proportions and carve rough forms into expressive faces and figures. They are among the first participants in a newly launched one-year course designed to revive the increasingly rare craft of making Myanmar's traditional string puppets.
Myanmar's traditional string puppets, known as Yoke thé, are intricate marionettes with carved wooden bodies, colorful royal costumes and 18 to 19 control strings.
Jointly organized by Myanmar's Ministry of Hotels, Tourism and Culture and the Myanmar Cultural Heritage Trust (MCHT), the program has enrolled 10 students to help preserve a tradition threatened by a dwindling number of skilled puppet makers.
For 22-year-old Pyae Phyo Wai from Sagaing region, the course offers an opportunity to develop his artistic skills while helping preserve his country's cultural heritage.
SOUNDBITE 1 (Myanmar): PYAE PHYO WAI, Participant from Sagaing region
"Training programs like this play an important role in reviving and preserving our cultural heritage. They also give people who are not familiar with Myanmar's traditions the opportunity to learn more about them. I'm proud to have gained a deeper understanding of the richness of Myanmar's cultural heritage and the efforts being made to preserve it."
For 38-year-old Rain Hlwan Yee, the only woman in the class, the training also supports her business. She owns a blind box shop featuring products inspired by Myanmar's cultural heritage and traditional village life.
SOUNDBITE 2 (Myanmar): RAIN HLWAN YEE, Trainee and founder of 90's Doh Ywer
"By the time this training program concludes, I'm hoping to have made real progress on creating this Yoke Thé (Myanmar traditional puppet) blind box. If everything aligns with the training schedule and the project's timeline, we may even be able to launch it then or perhaps even sooner. One thing is certain: we are definitely going to produce the puppet blind box."
The course was introduced in response to the growing concern over the declining number of puppet makers, although puppeteering is still taught at arts schools and universities in Yangon and Mandalay.








