ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တိုင်ဖွန်းမုန်တိုင်း နူးလ်၏ သက်ရောက်မှုကြောင့် တောင်ပေါ် ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ခြေ မြင့်မားနေချိန်တွင် တရုတ်နိုင်ငံ၏ ရေအရင်းအမြစ် ဝန်ကြီးဌာနသည် ဇူလိုင် ၂၆ ရက်က ကျန်းရှီးပြည်နယ်၊ ဟူနန်ပြည်နယ်နှင့် ကွမ်တုန်းပြည်နယ်များအတွက် ရေကြီးရေလျှံမှုထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်မှုအစီအမံများကို အဆင့် ၄ မှ အဆင့် ၃ သို့ အဆင့်မြှင့်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..

(English Version)

China raises flood-control emergency response for Jiangxi, Hunan, Guangdong

China's Ministry of Water Resources on Sunday upgraded its flood-control emergency response for Jiangxi, Hunan and Guangdong provinces from Level IV to Level III, amid high risks of mountain floods due to the impact of Typhoon Noul.