တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့တွင် စက်ရုပ်ခြေတု တပ်ဆင်၍ လမ်းလျှောက်နေသော စွန်းရန်ချွမ်းကို ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့တွင် စက်ရုပ်ခြေတု တပ်ဆင်၍ လမ်းလျှောက်နေသော စွန်းရန်ချွမ်းကို ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း မသန်စွမ်းသူများအတွက် ပညာရေး၊ အရွယ်ရောက်ပြီးသူအုပ်ထိန်းခွင့်နှင့်စပ်လျဉ်းသည့် ဥပဒေမူဘောင်များ တိုးတက်ကောင်းမွန်စေရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ မသန်စွမ်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ချိန်ခိုင်က ပြောကြားခဲ့သည်။

၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အတွင်း မသန်စွမ်းများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်စီမံကိန်းနှင့်စပ်လျဉ်း၍ ဇူလိုင် ၂၇ ရက် သတင်းစာရှင်းလင်းပွဲ၌ ချိန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ရေးဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ပြီး အတားအဆီးကင်းရှင်းသော နေထိုင်စရာပတ်ဝန်းကျင် တည်ဆောက်ရေးဥပဒေ အကောင်အထည်ဖော်ရန် ဒေသအလိုက်ဥပဒေပြုရေးကိုလည်း အားပေးထောက်ခံမည်ဖြစ်ကြောင်း ချိန်၏ ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံသည် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရန် ဥပဒေမူဘောင်ကို တည်ထောင်ထားပြီး ယင်းမူဘောင်တွင် ဥပဒေ ၁၁၀ ကျော်၊ စီမံခန့်ခွဲရေးဆိုင်ရာ စည်းမျဉ်း ၇၀ ကျော်နှင့် ဒေသဆိုင်ရာ စည်းမျဉ်း ၉၀ ကျော်တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

.......................................................................

(English Version)

China to improve legal framework for people with disabilities during 2026-2030

BEIJING, July 27 (Xinhua) -- China is set to improve legal frameworks regarding education and adult guardianship for people with disabilities during the 2026-2030 period, said Cheng Kai, chairman of the China Disabled Persons' Federation.

Cheng made the remarks on Monday at a press conference on the country's plan for the protection and development of persons with disabilities during the 15th Five-Year Plan period (2026-2030).

China will also revise the law on the protection of disabled persons and support local legislation to implement the law on building a barrier-free living environment, according to Cheng.

China has established a legal framework to protect the rights and interests of people with disabilities, comprising more than 110 laws, over 70 administrative regulations, and more than 90 local regulations. ■

English Caption

This photo taken with a mobile phone on May 13, 2026 shows Sun Renchun walking with a bionic leg in Qingdao, east China's Shandong Province. (Xinhua/Li Aoqiu)