
ပေကျင်း၊ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
ကမ္ဘာ့ရေနံဈေးသည် ယခုရက်ပိုင်းများတွင် အတက်အကျကြမ်းလျက်ရှိသည်။ လန်ဒန်ဘရန့်ရေနံစိမ်းအနာဂတ်ဈေးနှုန်းသည် ဇူလိုင်လမှစ၍ အချိန်အတိုင်းအတာ တစ်ခုအတွင်း ၄၀ ရာခိုင်နှုန်း နီးပါး မြင့်တက်လာရာ နှစ်လကြာကာလပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၀ ကျော်ရှိခဲ့ပြီး ထို့နောက် ရက်အနည်းငယ်တွင် ဆက်တိုက် ပြန်လည်ကျဆင်းခဲ့သည်။
သုံးသပ်သူများက အရှေ့အလယ်ပိုင်းအခြေအနေ၊ ရုရှား-ယူကရိန်းစစ်ပွဲ၊ ရေနံလက်ကျန်သိုလှောင်မှု အပြောင်းအလဲ စသည့် မရေရာမှုများ တိုးပွားလာခြင်းက နိုင်ငံတကာ ထောက်ပံ့ရေးကဏ္ဍ ခန့်မှန်းချက်ကို သိသိသာသာရိုက်ခတ်ပြီး ရေနံဈေးနှုန်း အတက်အကျ အန္တရာယ်ကို ပို၍ ဆိုးရွားစေသည်ဟု ယူဆကြသည်။
ပထမဦးစွာ အရှေ့အလယ်ပိုင်း အခြေအနေမှာ မျှော်လင့်ထားသည်ထက် ကျော်လွန်၍ ဖြစ်ပေါ်နေခြင်းက ရေနံစိမ်း ထောက်ပံ့မှု ဖိအားကို ပိုမိုဆိုးရွားစေသည်။ တစ်ဖက်တွင် အမေရိကန်စစ်တပ်က အီရန်နှင့် စစ်ပွဲကို ဇူလိုင်လအစောပိုင်းတွင် ပြန်လည်စတင်ပြီး အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများကို ၁၃ ရက်ဆက်တိုက် ပြုလုပ်ခဲ့သလို အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စစ်ရေးပစ်မှတ်အများအပြားသည်လည်း အီရန်ဘက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး ဟော်မုဇ် ရေလက်ကြား တစ်ဖန် ပြန်လည်ပိတ်ဆို့သွားစေခဲ့သည်။ ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် နေ့စဉ် သယ်ယူပို့ဆောင်နေသော ရေနံစိမ်းပမာဏသည် ဇူလိုင်လဆန်းပိုင်းက စည်ပေါင်း ၈ သန်းကျော်ရှိရာမှ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း စည်ပေါင်း ၂ သန်းအောက်အထိ ထိုးကျသွားခဲ့ကြောင်း ဗြိတိန် The Economist က သတင်းဖော်ပြခဲ့သည်။
အခြားတစ်ဖက်တွင်လည်း ယီမင်ဟူသီလက်နက်ကိုင်များက မကြာသေးမီက ပင်လယ်နီအတွင်း ဆော်ဒီအာရေဗျ ရေနံတင်သင်္ဘောကို တိုက်ခိုက်လိုက်ခြင်းကြောင့် ဟော်မုဇ်ရေလက်ကြားအစား ပင်လယ်နီရေကြောင်းလမ်းကို အသုံးပြုသည့် ဆော်ဒီအာရေဗျ၏ ရေနံစိမ်းတင်ပို့မှုမှာ အန္တရာယ်ရင်ဆိုင်ရမှု သိသိသာသာ တိုးလာစေခဲ့သည်။ နိုင်ငံတကာ ဈေးကွက် ဝန်ဆောင်မှုအဖွဲ့အစည်းဖြစ်သည့် Kpler ကုမ္ပဏီ၏ ကိန်းဂဏန်းအချက်အလက်များအရ ဧပြီလနှင့် မေလတို့တွင် ဆော်ဒီအာရေဗျ၏ ပင်လယ်ရေကြောင်းမှ ရေနံစိမ်းတင်ပို့မှုအားလုံးသည် အနောက်ဘက်ရှိ Yanbu Port မှတစ်ဆင့် ပင်လယ်နီနှင့် ဧဒင်ပင်လယ်ကွေ့ကို ဆက်သွယ်ထားသည့် Bab el-Mandeb ရေလက်ကြားကိုဖြတ်သန်းကာ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအချိုးအစားမှာ ဇွန်လနှင့် ဇူလိုင်လတို့တွင် ၉၂ ရာခိုင်နှုန်းနှင့် ၇၈ ရာခိုင်နှုန်းသို့ အသီးသီး ကျဆင်းသွားကြောင်း သိရသည်။ ဗြိတိန် Vortexa တိုင်ပင်ဆွေးနွေးရေးကုမ္ပဏီ၏ စာရင်းများအရ ဇူလိုင် ၂၃ ရက်တွင် Bab el-Mandeb ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့သော ရေနံတင်သင်္ဘောကြီး ၁၀ စင်းသာ ရှိပြီး လွန်ခဲ့သည့်နှစ်ရက်က သင်္ဘော ၁၇ စင်း ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ရေနံသိုလှောင်နိုင်စွမ်း မပြည့်ဝမည်ကို စိုးရိမ်ခြင်းကြောင့် ထိုမတိုင်မီ အစပိုင်းက ထုတ်လုပ်မှုတိုးမြှင့်ထားသည့် ပင်လယ်ကွေ့နိုင်ငံများက ထုတ်လုပ်မှုပမာဏကို ထပ်မံ လျှော့ချခဲ့သည်။ ထောက်ပံ့ရေးပြတ်တောက်မှုက တစ်လနှောင့်နှေးတိုင်း ရေနံစိမ်းတစ်စည်ချင်းစီ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၇ ဒေါ်လာမှ ၈ ဒေါ်လာအထိ တိုးမြင့်နိုင်ရာ စွန့်စားရမှု ပရီမီယံမြင့်တက်လာမှုက ထပ်ဆင့်ဖြစ်နိုင်ကြောင်း၊ ဝယ်လိုအား နောက်ထပ် လျော့ကျသွားခြင်း မရှိပါက ယခုနှစ် နွေရာသီကုန်ဆုံးချိန်၌ ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၁၂၀ အထက်တွင် ဆက်လက် မြင့်မားနေမည် ဖြစ်ကြောင်း JPMorgan Chase က သတိပေးထားသည်။
ဒုတိယအနေဖြင့် ရုရှား-ယူကရိန်း စစ်ပွဲဆင့်ကဲဖြစ်ပေါ်မှုများသည်လည်း အချောထည် ရေနံထွက်ပစ္စည်း ထောက်ပံ့မှုကို ဆက်လက် ကျပ်တည်းစေလျက် ရှိသည်။ ယူကရိန်း၏ ဒရုန်းများက ရုရှားနိုင်ငံအတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ အဆက်မပြတ်ဝင်ရောက်လာကြပြီး ရုရှားရေနံချက်စက်ရုံများကို ပို၍ ကြိမ်ဖန်များစွာ ပစ်မှတ်အတိအကျ တိုက်ခိုက်လာကြရာ ရုရှားနိုင်ငံအတွင်း ဓာတ်ဆီနှင့် ဒီဇယ်ဆီ ထုတ်လုပ်မှု သိသိသာသာ လျော့ကျသွားစေပြီး ထိုမှတစ်ဆင့် အချောထည် ရေနံထွက်ပစ္စည်း တင်ပို့မှုကိုပါ သက်ရောက်မှု ရှိလာစေခဲ့ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။
ရုရှား ဒုတိယဝန်ကြီးချုပ် Alexander Novak ကလည်း နိုင်ငံတွင်း လောင်စာဆီရှားပါးမှုကို တုံ့ပြန်ရန်အတွက် ဇူလိုင်လကုန်တွင် သက်တမ်းကုန်ဆုံးရန် သတ်မှတ်ထားသော ဓာတ်ဆီတင်ပို့မှု ကန့်သတ်ချက်များကို ယခုနှစ် နှစ်ကုန်အထိ သက်တမ်းတိုးမြှင့်ရန် ရုရှားနိုင်ငံက ဆုံးဖြတ်လိုက်ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။
ယူရိန်းစစ်တပ်က ဇူလိုင် ၂၅ ရက်တွင် ကက်စပီယံပင်လယ်၌ အီရန်စီးပွားရေးသင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ရာ အီရန်စစ်ပွဲနှင့် ရုရှား-ယူကရိန်း စစ်ပွဲ ရှားရှားပါးပါး “ချိတ်ဆက်” လာသည့် အရိပ်လက္ခဏာဖြစ်ပေါ်ပြီး အပြင်လောက၏ စိုးရိမ်မှုကို ပို၍ ဆိုးရွားလာစေခဲ့သည်။ ဥရောပ၏ အကြီးစား ရေနံချက်စက်ရုံလုပ်ငန်းတစ်ခုဖြစ်သည့် Repsol ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Josu Jon Imaz က ပဋိပက္ခနှစ်ခု ပေါင်းစပ်လာခြင်းကြောင့် ဒီဇယ်နှင့် လေယာဉ်လောင်စာဆီ ထောက်ပံ့မှုမှာ ပုံမှန်မဟုတ်ဘဲ အလွန်တရာ ကျပ်တည်းလာကြောင်း ပြောကြားခဲ့သည်။
တတိယအနေဖြင့် ကမ္ဘာ့ရေနံသိုလှောင်မှုလက်ကျန်ပမာဏ သိသိသာသာ ကျဆင်းသွားပြီး ထောက်ပံ့မှုအပေါ် ရိုက်ခတ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် ကြားခံအနေအထား ကျဉ်းမြောင်းသွားခဲ့သည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) နိုင်ငံများ၏ ရေနံအရန်သိုလှောင်ထားမှုမှာ ၃၅ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က ဇွန်လတွင် ထုတ်ပြန်သည့် လစဉ်အစီရင်ခံစာ၌ ဖော်ပြထားသည်။ မတ်လမှစတင်၍ အမေရိကန်နိုင်ငံသည် မဟာဗျူဟာမြောက်အရန်ရေနံ စည်ပေါင်း သန်း ၁၀၀ ကျော်ကို ထုတ်လွှတ်ခဲ့ပြီး လက်ရှိသိုလှောင်မှုလက်ကျန်ပမာဏမှာ ၁၉၈၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားကာ ၎င်း၏ စီးပွားဖြစ် ရေနံစိမ်းလက်ကျန်ပမာဏမှာလည်း အနိမ့်ဆုံးအဆင့်သို့ နီးကပ်နေပြီ ဖြစ်ကြောင်း သိရသည်။
ဈေးကွက်သုံးသပ်သူများက အီရန်စစ်ပွဲကနဦးကာလတွင် နိုင်ငံအများအပြားက မဟာဗျူဟာ အရန်သိုလှောင်ထားသည့်ရေနံများကို ထုတ်လွှတ်ပေးပြီး ရေနံစိမ်းတင်သွင်းမှုဝယ်လိုအားကို မိမိဆန္ဒအလျောက် လျှော့ချခဲ့ခြင်းကြောင့် နိုင်ငံတကာစွမ်းအင်ထောက်ပံ့မှုအပေါ် ရိုက်ခတ်မှုသည် အတိုင်းအတာတစ်ခုအထိ ပြေလျော့စေပြီး ကမ္ဘာ့ရေနံဈေးတက်နှုန်းမှာ ဈေးကွက်ခန့်မှန်းချက်ထက် လျော့နည်းခဲ့ကြောင်း၊ သို့သော် ဤကဲ့သို့ ကြားခံပြေလျော့ရေးယန္တရားသည် အသစ်တစ်ဖန်ဖြစ်ပွားသော ထောက်ပံ့ရေးရိုက်ခတ်မှုကို ကိုင်တွယ်နိုင်မည် မဟုတ်တော့ကြောင်း ယူဆကြသည်။
Barclays ဘဏ် ရေနံလေ့လာသုံးသပ်သူ Amarpreet Singh က ရေနံသိုလှောင်မှုလက်ကျန်ပမာဏမှာ ယခုနှစ်များအတွင်း အနိမ့်ဆုံးအဆင့်၌ ရှိနေပြီး မဟာဗျူဟာမြောက် အရန်ရေနံများကို ထုတ်လွှတ်မှုအများစုမှာ ပြီးစီးသွားပြီဖြစ်သည့် အခြေအနေတွင် ဟော်မုဇ်ရေလက်ကြားကို အဓိကထားသည့် ပဋိပက္ခများ တစ်ဖန်ပြင်းထန်လာခြင်းသည် စွမ်းအင်ဈေးနှုန်းများအပေါ် သိသာထင်ရှားသော မြင့်တက်လာမည့် အန္တရာယ်ဖြစ်စေကြောင်း ပြောကြားခဲ့သည်။
မာတီနေရှင်နယ်လ် စွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် TotalEnergies ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Patrick Pouyanné က စွမ်းအင်ထောက်ပံ့မှု အခြေအနေအပေါ် သက်ရောက်မှုရှိသော ပဋိပက္ခအခြေအနေမှာ အလွန်အမင်း မငြိမ်မသက်ဖြစ်နေပြီး ယင်းမှာ ယေဘုယျအခြေအနေတစ်ခု ဖြစ်လာနိုင်ကာ ထိုမှတစ်ဆင့် ရေနံဈေးနှုန်းများ ကြီးကြီးမားမား အတက်အကျဖြစ်ပေါ်စေနိုင်သည်ဟု ယူဆထားသည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
新闻分析|多重因素加剧国际油价波动风险
新华社北京7月28日电 新闻分析|多重因素加剧国际油价波动风险 新华社记者钟雅
国际油价近日波动加剧。伦敦布伦特原油期货价格7月以来一度上涨近40%,时隔两个月首次突破每桶100美元,此后数日又连续大跌。分析人士认为,中东局势、俄乌战事、石油库存变化等带来的不确定性增加,显著影响国际供应预期,加剧油价波动风险。
首先,中东局势超预期发展加剧原油供应压力。一方面,美军7月上旬重启对伊朗战事,连续13天对伊朗发动空袭,遭到伊朗对中东地区多个美军目标的报复,令霍尔木兹海峡再度“梗阻”。英国《经济学人》报道,每天经由霍尔木兹海峡运输的原油从7月初的800多万桶,锐减至近几日的不足200万桶。
另一方面,也门胡塞武装近日在红海袭击沙特油轮,令沙特利用红海航道替代霍尔木兹海峡出口原油面临的风险显著增加。据国际市场服务机构克普勒公司数据,4月和5月,沙特海运原油出口全部通过西部的延布港并经连接红海和亚丁湾的曼德海峡运出,这一比重6月和7月分别降至92%和78%。据英国沃泰克萨咨询公司统计,7月23日仅有10艘大型油轮通过曼德海峡,而两天前有17艘。
此外,由于担心储油能力不足,此前开始增产的海湾国家再次削减产量。摩根大通警告,供应中断每延长一个月将使每桶原油价格上涨7至8美元,叠加风险溢价走高,如果需求没有进一步萎缩,到今年夏季结束时,原油价格或将持续高于每桶120美元。
其次,俄乌战事的演进也在不断挤压成品油供应。彭博社报道,乌克兰无人机不断深入俄罗斯境内,越来越频繁地针对俄炼油厂实施精准打击,造成俄境内汽柴油产量显著减少,进而影响成品油出口。俄罗斯副总理亚历山大·诺瓦克日前表示,为应对国内燃油短缺,俄罗斯决定把原定于7月底到期的汽油出口限制措施延长至今年年底。
乌克兰军方25日在里海袭击一艘伊朗商船,出现伊朗战事和俄乌战事罕见“联动”迹象,加剧外界担忧。欧洲大型炼油商莱普索尔公司首席执行官伊马斯表示,两场战事叠加造成柴油和航空燃油供应异常紧张。
第三,全球石油库存明显下降,应对供应冲击的缓冲空间变窄。国际能源署6月发布的月度报告显示,经合组织国家石油储备降至35年来最低水平。3月以来,美国已释放超过1亿桶战略石油储备,当前库存已降至1983年以来最低水平,其商业原油库存也接近最低水平。
市场人士认为,伊朗战事之初,多国释放战略石油储备以及主动降低原油进口需求,一定程度缓解了国际能源供应冲击,令国际油价涨幅低于市场预期,但这一缓冲机制可能无法应对新一轮供应冲击。
巴克莱银行石油分析师阿马尔普里特·辛格说,在石油库存处于近年来低点、战略石油储备释放大部分已经完成的情况下,围绕霍尔木兹海峡的冲突再度升级对能源价格构成重大上行风险。
跨国能源巨头道达尔能源公司首席执行官帕特里克·普亚内认为,影响能源供应状况的冲突形势“极其动荡”,可能成为一种常态,进而导致油价大幅波动。(完)
1. 这是5月19日在南非约翰内斯堡一家加油站拍摄的加油枪。新华社记者 陈为 摄
2. 这是7月16日在美国加利福尼亚州洛杉矶县的一处加油站拍摄的柴油和汽油价格显示牌。新华社发(曾慧摄)





