အစ္စရေးနိုင်ငံ Ben Gurion လေဆိပ်မှ ပျံသန်းသော အမေရိကန် လေတပ် ဆီဖြည့်လေယာဉ်တစ်စင်းအား
၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ Ben Gurion လေဆိပ်မှ ပျံသန်းသော အမေရိကန် လေတပ် ဆီဖြည့်လေယာဉ်တစ်စင်းအား ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ဗြိတိန် The Daily Telegraph သတင်းစာ၏ ဇူလိုင် ၂၄ ရက် ဖော်ပြချက်အရ အမေရိကန်စစ်တပ်သည် မကြာသေးမီက ဗြိတိန်နိုင်ငံရှိ Fairford စစ်အခြေစိုက်စခန်းမှ B-1 Lancer မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များကို စတင်စေလွှတ်ကာ အီရန်၏ ပစ်မှတ်များကို တိုက်ခိုက်လိုက်ရာ အီရန်ဘက်မှ လက်တုံ့ပြန်မည့် သတိပေးချက်များကို ချက်ချင်း ထုတ်ပြန်ခဲ့ကြောင်း၊  ယင်းကြောင့် ဗြိတိန်အစိုးရက ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များ အထူးတပ်လှန့်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

အမေရိကန်လေတပ် B-1 ဗုံးကြဲလေယာဉ်တစ်စင်းသည် ဗြိတိန်နိုင်ငံ Gloucestershire ကောင်တီ Fairford ဗြိတိန်စစ်တပ်အခြေစိုက်စခန်းမှ စတင်ပျံသန်းပြီး အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ပစ်မှတ်များကို တိုက်ခိုက်သည့် မစ်ရှင်အား ထမ်းဆောင်ခဲ့ကြောင်း The Daily Telegraph သတင်းစာက ဖော်ပြထားသည်။ ယင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန်ဘက်က သတိပေးချက်ထုတ်ပြန်ခဲ့ရာ ဗြိတိန် Fairford စစ်အခြေစိုက်စခန်း အပါအဝင် အီရန်ကို တိုက်ခိုက်ရန် အသုံးပြုသော မည်သည့် ပြည်ပစစ်အခြေစိုက်စခန်းကို မဆို “တရားဝင် တိုက်ခိုက်ရေးပစ်မှတ်” အဖြစ် ရှုမြင်ခံရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ ယင်းကြောင့် ဗြိတိန်ဘက်က စစ်တပ်အား တပ်လှန့်မှုအနေအထားကို တိုးမြှင့်ထားကြောင်း သိရသည်။

အမေရိကန် Fox News ချန်နယ်၏ ဇူလိုင် ၂၃ ရက် သတင်းများအရ အမေရိကန်နှင့် အီရန် စစ်မက်မီးလျှံ ပြန်လည်တောက်လောင်လာသည့်အချိန်မှစ၍ ယခုအကြိမ်သည် အမေရိကန် စစ်တပ် B-1 ဗုံးကြဲလေယာဉ် ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်မှ ပျံသန်းကာ မစ်ရှင်ထမ်းဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ဖော်ပြချက်များအရ အဆိုပါ ဗုံးကြဲလေယာဉ်သည် ပေါင် ၂,၀၀၀ ( ၉၀၇ ကီလိုဂရမ်ခန့်) အဆင့်ရှိသော ဗုံး ၂၄ လုံး သို့မဟုတ် ခရုဇ်ဒုံးကျည် ဒါဇင်နှင့်ချီ သယ်ဆောင်နိုင်ပြီး ဇူလိုင် ၂၁ ရက်က အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် ပစ်မှတ်များ တိုက်ခိုက်ရေး တာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ်  (CENTCOM) ကမူ ဇူလိုင် ၂၁ ရက်တွင် အီရန်နိုင်ငံအပေါ် ၎င်း၏ စစ်ရေးအရ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ယင်းဗုံးကြဲလေယာဉ် တာဝန်ထမ်းဆောင်ခဲ့သည့် အချက်အလက်ကို ထည့်သွင်း ကြေညာထားခြင်း မရှိပေ။ လက်ရှိအချိန်အထိ B-1 ဗုံးကြဲလေယာဉ်၏ ယခုအကြိမ် တိုက်ခိုက်သည့် ပစ်မှတ်ကို အတိအကျ မသိရသေးပေ။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

美轰炸机出动引伊朗警告 英武装部队高度戒备

新华社伦敦7月24日电 据英国《每日电讯报》24日报道,美军日前从英国费尔福德基地出动B-1“枪骑兵”战略轰炸机打击伊朗目标,伊朗方面随即发出反击警告,英国政府因此宣布其武装部队进入高度戒备状态。   

《每日电讯报》报道称,美国空军一架B-1轰炸机从位于英国格洛斯特郡费尔福德的英军基地起飞,执行了打击伊朗伊斯兰革命卫队目标的任务。作为回应,伊朗方面已发出警告,称任何用于攻击伊朗的外国军事基地,包括英国费尔福德基地,都将被视为“合法打击目标”。英国方面因此提升了军队的戒备状态。   

据美国福克斯新闻频道23日报道,美国与伊朗战火重燃以来,这是美军B-1轰炸机首次从英国起飞执行任务。   

另据美国阿克西奥斯新闻网站援引美官员消息报道,该轰炸机可携带多达24枚2000磅(约907公斤)级别的炸弹或数十枚巡航导弹,21日执行打击伊朗伊斯兰革命卫队目标的任务。美军中央司令部并未在其21日关于对伊军事打击的声明中宣布该轰炸机执行任务的信息。目前尚不清楚B-1轰炸机此次的具体打击目标。(完)

1. 6月15日,一架美军空中加油机从以色列本-古里安机场起飞。新华社发(吉尔·科恩·马根摄)