
တီဟီရန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ ဒေသအများအပြားသည် အမေရိကန်စစ်တပ်၏ တိုက်ခိုက်မှုခံရပြီး မြို့တော်တီဟီရန်တွင် လေကြောင်းရန်ကာကွယ်ရေးစနစ် စတင်လည်ပတ်နေကြောင်း၊ တိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်မှု ပြတ်တောက်သွားကြောင်း အီရန်နိုင်ငံ မီဒီယာများစွာက ဇူလိုင် ၂၄ ရက်တွင် သတင်းဖော်ပြကြသည်။
ထိုနေ့အစောပိုင်းတွင် တီဟီရန်၌ လေကြောင်းရန်ကာကွယ်ရေးစနစ် စတင်လည်ပတ်ခဲ့ပြီး ရန်သူပစ်မှတ်များအား ကြားဖြတ်ဟန့်တားခဲ့ကြောင်း၊ Bandar Abbas မြို့တွင် ပေါက်ကွဲသံအချက်များစွာ ပေါ်ထွက်လာပြီး တိုက်ခိုက်မှုကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ လျှပ်စစ်ဓာတ်အားပို့လွှတ်မှု ပြတ်တောက်သွားခဲ့သည်ဟု ဒေသန္တရအရာရှိများက ဆိုကြောင်း၊ Qeshm ကျွန်း တောင်ပိုင်းတွင် ပေါက်ကွဲသံ သုံးချက်ထက်မနည်း ကြားခဲ့ရကြောင်း၊ ဒေသခံပြည်သူများက အဆိုပါဒေသဝေဟင်ထက်တွင် တိုက်လေယာဉ် ပျံသန်းသွားသည့်အသံများ ကြားခဲ့ရသည်ဟု ဆိုကြောင်း၊ အာဗက်ဇ်မြို့တွင် ကြီးမားသော ပေါက်ကွဲသံများစွာ ပေါ်ထွက်လာခဲ့ပြီး အမေရိကန်စစ်တပ်သည် ပဲ့ထိန်းဒုံးကျည်ဖြင့် အဆိုပါမြို့အနီးတစ်ဝိုက်ဒေသအား တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်းအရာရှိများက ဆိုကြောင်း သတင်းအရသိရသည်။
ထို့ပြင် Jask ၊ Khorramabad ၊ Khondab ၊ Andimeshk စသည့် ဒေသများတွင်လည်း အမေရိကန်စစ်တပ်၏ တိုက်ခိုက်မှုခံခဲ့ရသည်။
အမေရိကန်စစ်တပ်သည် အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ဇူလိုင် ၂၃ ရက် ညနေ ၆ နာရီ ၄၅ မိနစ် (ပေကျင်းစံတော်ချိန် ဇူလိုင် ၂၄ ရက် နံနက် ၆ နာရီ ၄၅ မိနစ်) တွင် အီရန်၏ စစ်ရေးပစ်မှတ်များအပေါ် အသစ်တစ်ကြိမ် တိုက်ခိုက်မှု စတင်လုပ်ဆောင်ခဲ့ရာ အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ဇူလိုင် ၂၃ ရက် ည ၉ နာရီ (ပေကျင်းစံတော်ချိန် ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီ) တွင် တိုက်ခိုက်မှု လုပ်ဆောင်ပြီးစီးခဲ့ကြောင်း၊ စုစုပေါင်း ၂ နာရီ ၁၅ မိနစ် ဆက်တိုက်ကြာမြင့်ခဲ့ကြောင်း၊ ၎င်းသည် အမေရိကန်စစ်တပ်က ၁၃ ည မြောက်ဆက်တိုက် အီရန်အား တိုက်ခိုက်မှု လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) ၏ သတင်းအရ သိရသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
伊朗多地遭美军袭击 德黑兰启动防空系统
新华社德黑兰7月24日电 据伊朗多家媒体24日报道,伊朗多地遭到美军袭击,首都德黑兰启动防空系统。袭击造成人员受伤、电力供应中断。
据报道,当天凌晨,德黑兰启动防空系统,对敌方目标进行拦截;阿巴斯港传出数声爆炸声,当地官员称袭击造成两人受伤,并导致电力供应中断;格什姆岛南部至少听到三次爆炸声,当地居民称,听到该地区上空有战机飞行的声音;阿瓦士市传出数声巨大爆炸声,当地官员称美军用导弹袭击了该市周边地区。
此外,贾斯克、霍拉马巴德、洪达卜、安迪梅什克等地也遭到美军袭击。
据美军中央司令部消息,美军于美国东部时间23日18时45分(北京时间24日6时45分)开始对伊朗军事目标发动新一轮打击,并于美国东部时间23日21时(北京时间24日9时)完成打击,共持续2小时15分钟,这是美军连续第13晚对伊朗发动打击。(完)
图说:这是3月28日凌晨拍摄的伊朗德黑兰市区爆炸后的浓烟。新华社记者 沙达提 摄








