တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့ရှိ ဆီဆိုင်တစ်ဆိုင်၏ ဆီဖြည့်ရန် ဆိုင်းဘုတ်ကို 
၂၀၂၆ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့ရှိ ဆီဆိုင်တစ်ဆိုင်၏ ဆီဖြည့်ရန် ဆိုင်းဘုတ်ကို ၂၀၂၆ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


နယူးယောက်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်-အီရန် အပြန်အလှန် တိုက်ခိုက်မှုများ ယာယီရပ်တန့်သွားခြင်းကြောင့် ကမ္ဘာ့ရေနံစိမ်းအနာဂတ်ဈေးနှုန်းမှာ ဇူလိုင် ၂၆ ရက် အရောင်းအဝယ် သီတင်းပတ်အသစ် စတင်ချိန်မှစ၍ အချိန်အတိုင်းအတာတစ်ခုအတွင်း ၆ ရာခိုင်နှုန်းကျော်ဖြင့် များစွာ ထိုးကျခဲ့သည်။

အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၂၆ ရက် ညနေ ၁၈ နာရီ ၄၃ မိနစ်အထိ နယူးယောက်ကုန်စည်ဒိုင် (NYMEX) ၏ စက်တင်ဘာလအတွက် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အနိမ့်ဆုံးအဖြစ် တစ်စည်လျှင် ကန်ဒေါ်လာ ၈၃.၁ ဒေါ်လာအထိ ကျဆင်းပြီး ကန်ဒေါ်လာ ၆.၂၁ ဒေါ်လာဖြင့် ၆.၉၅ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာလအတွက် ပေးပို့ရမည့် လန်ဒန် ဘရန့် ရေနံစိမ်းအနာဂတ်ဈေးနှုန်းသည်လည်း အနိမ့်ဆုံးအဖြစ် တစ်စည်လျှင် ကန်ဒေါ်လာ ၈၉.၅၈ ဒေါ်လာအထိ ကျဆင်းပြီး ကန်ဒေါ်လာ ၇.၂ ဒေါ်လာဖြင့် ၇.၄၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ဈေးကွက်၏ စိုးရိမ်ပူပန်မှုပြေလျော့လာခြင်းကြောင့် နယူးယောက်စတော့ရှယ်ယာဈေးကွက် ရှယ်ယာအနာဂတ်ကုန်စည်တန်ဖိုးအညွှန်းကိန်း (SPIF) သိသိသာသာ မြင့်တက်လာစေရန် လှုံ့ဆော်မှု  ဖြစ်စေရာ ကမ္ဘာ့ရွှေနှင့်ငွေ၏ အနာဂတ်ဈေးနှုန်းများ သိသာထင်ရှားစွာ မြင့်တက်လာသည်။

အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ ဇူလိုင် ၂၅ ရက် ဖော်ပြချက်အရ အမေရိကန်သမ္မတ ထရမ့်က ဇူလိုင်လ ၂၄ ရက်တွင် အမေရိကန်စစ်တပ်အား အီရန်အပေါ် ထိုနေ့၌ တိုက်ခိုက်မှုများ မပြုလုပ်ရန် အမိန့်ပေးခဲ့ကြောင်း၊ ယင်းကြောင့် ထိုမတိုင်မီ အီရန်အပေါ် အမေရိကန်စစ်တပ်က ၁၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အခြေအနေကို ရပ်တန့်သွားစေခဲ့ကြောင်း သိရသည်။

ရိုက်တာသတင်းဌာနက ဇူလိုင် ၂၆ ရက်တွင် အီရန်သတင်းရင်းမြစ်တစ်ဦးကို ကိုးကား၍ အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုများကို ရပ်တန့်ပေးမည်ဆိုပါက အီရန်ကလည်း စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်သွားမည်ဖြစ်ကြောင်း၊ သို့သော် အမေရိကန်၏ ရည်ရွယ်ချက်အပေါ် အီရန်ဘက်က 'သံသယဖြစ်ဖွယ် အမြင်များ' ရှိနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဇူလိုင် ၇ ရက်နေ့ကစတင်၍ အမေရိကန်သည် ဟော်မုဇ်ရေလက်ကြားဖြတ်သန်းသွားလာနေသော ကုန်တင်သင်္ဘောများအပေါ် အီရန်က တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်သည်ဟူသော အကြောင်းပြချက်ဖြင့် အီရန်အပေါ်  စစ်ရေးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ  ကမ္ဘာ့ရေနံစိမ်း အနာဂတ်စျေးနှုန်းများသည်လည်း မကြာသေးမီက သိသာထင်ရှားစွာ မြင့်တက်လာခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

美伊暂停互袭 国际油价26日大幅下跌

新华社纽约7月26日电(记者刘亚南)由于美国和伊朗暂停相互袭击,国际原油期货26日在开始新一周交易后价格一度大幅下跌超6%。   

截至美东时间26日18时43分,纽约商品交易所9月交货的轻质原油期货价格最低跌至每桶83.10美元,下跌6.21美元,跌幅为6.95%;9月交货的伦敦布伦特原油期货价格最低跌至每桶89.58美元,下跌7.20美元,跌幅为7.44%。   

同时,市场担忧情绪缓解刺激纽约股市股指期货显著走高,国际黄金和白银期货价格明显上涨。   

据美国阿克西奥斯新闻网站25日报道,美国总统特朗普24日命令美军当天不要对伊朗发动打击,从而打破了此前美军连续13天对伊发动空袭的局面。   

路透社26日援引一名伊朗消息人士的话报道,只要美国停止军事打击,伊朗也将停止军事行动,但伊方仍对美方的意图持“怀疑态度”。   

本月7日以来,美国以回应伊朗袭击通过霍尔木兹海峡的商船为由,连续对伊朗发动军事打击,国际原油期货近期显著上涨。(完)

1. 这是5月19日在南非约翰内斯堡一家加油站拍摄的加油牌。新华社记者陈为摄