တရုတ်နိုင်ငံ ဆန်းတုန်းဆိပ်ကမ်း ယန်းထိုင်သင်္ဘောဆိပ်တွင် ဗြိတိန်နိုင်ငံသို့ တင်ပို့မည့် ယွီထုန်း လျှပ်စစ်နှစ်ထပ်ဘတ်စ်ကားများအား မော်တော်ကားသယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်သို့ မောင်းနှင်သွားသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျီနန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ယွီထုန်း U11DD လျှပ်စစ်နှစ်ထပ်ဘတ်စ်ကား ၃၅ စင်းကို ဇူလိုင် ၂၇ ရက်က တရုတ်နိုင်ငံ ဆန်းတုန်းဆိပ်ကမ်း ယန်းထိုင် သင်္ဘောဆိပ်တွင် သင်္ဘောတင်၍ ဗြိတိန်နိုင်ငံသို့ ပို့ဆောင်ခဲ့သည်။

အဆိုပါ စိတ်တိုင်းကျထုတ်လုပ်ထားသည့်ကားမော်ဒယ်များသည် ဥရောပဈေးကွက်ကို မျက်နှာမူ၍ ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်ပြီး ဥရောပမြို့ပြနှင့် မြို့နယ်များတွင် လမ်းသွယ်လမ်းကျဉ်းများခြင်း၊ ကားရပ်နားမှုနှင့် မောင်းနှင်ရမှုများခြင်းစသည့် လမ်းအခြေအနေများကို ကိုင်တွယ်စီမံနိုင်ကြောင်း၊ U11DD ကားမော်ဒယ်သည် ဗြိတိန်နိုင်ငံ လန်ဒန် စသည့် မြို့ကြီးများရှိ အများပြည်သူသယ်ယူပို့ဆောင်ရေးကွန်ရက်တွင် လည်ပတ်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

国产电动双层公交车在烟台港装船出口

新华社照片,济南,2026年7月28日

7月27日,35辆宇通U11DD电动双层公交车在山东港口烟台港装船出口英国。据悉,该定制车型面向欧洲市场设计,应对欧洲城镇道路窄、停车起步多的路况。U11DD车型已在英国伦敦等城市的公共交通网络中运行。

1. 7月27日,在山东港口烟台港,出口英国的宇通电动双层公交车驶入汽车运输船(无人机照片)。新华社发(唐克摄)