ကူမင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြဇာတ်ရုံမှ ပင်တိုင် အကတင်ဆက်သူ ယွမ်ကျစ်ဖိန်သည် ကပြတင်ဆက်သူများနှင့်အတူ ကူမင်းမြို့ ချောင်ဟိုင်ရေကန် အဖွင့်အပိတ်ပြုလုပ်နိုင်သော ရေပေါ်တံတားတွင် “မနောပွဲတော်” ဓားအက ကပြတင်ဆက်ခဲ့သည်။ တေးသွားနှင့်အတူ ကပြဖျော်ဖြေသူများက ခြေလှမ်းညီညီ တန်းစီချီတက်ကာ ရဲမာန်ဝံ့ကြွားသည့် ကိုယ်ဟန်အမူအရာများကို အပြည့်အဝ ပြသလျက်ရှိသည်။ ကပြမှုအတွင်း ထည့်သွင်းတွဲဖက်ထားသော ဂျိန်းဖော ဓားအကမှာမူ ပို၍ပင် ရဲစွမ်းသတ္တိဖြင့် အားမာန်ပြည့်ဝရာ ကကွက်တိုင်းက မျက်စိပသာဒဖြစ်စေပေသည်။ (Xinhua)
---------------------------
(Chinese Version)
昆明草海开合浮桥上演《目瑙纵歌》刀舞
【简介】近日,云南省歌舞剧院首席袁志平携演员在草海开合浮桥上演爆款《目瑙纵歌》刀舞,舞者们列队踏节而行,尽显豪迈昂扬,穿插其间的景颇刀舞更是刚劲有力、气势如虹,每一眼都是大片既视感。
记者:孙敏








