Connect with us

Media

တရုတ်ပုံရိပ်ရုပ်ရှင် သီတင်းပတ် ၂၀၂၃ ကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှု စင်တာတွင် စတင်ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်ပုံရိပ်ရုပ်ရှင် သီတင်းပတ် ၂၀၂၃ ကို ရန်ကုန်မြို့၊ တရုတ်ယဉ်ကျေးမှုစင်တာတွင် နိုဝင်ဘာ ၂၃ ရက်၌ တရားဝင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ China Media Group နှင့် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတို့ ပူးပေါင်းစီစဉ်သည့် အဆိုပါရုပ်ရှင် သီတင်းပတ်ကို နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအကြိမ် “တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်” တွင် ရုပ်ရှင်ဇာတ်ကားများကို ၅ ရက်ဆက်တိုက် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ကျေးလက်ဒေသရှင်သန်တိုးတက်ရေးအကြောင်း ရိုက်ကူးတင်ဆက်ထား သော ရုပ်ရှင် “အတွင်းရေးမှူး အားရှာ” ၊ China Media Group မှ ထုတ်လုပ်သော လူမှုယဉ်ကျေးမှု အကြောင်း မှတ်တမ်းရုပ်ရှင် “A Bite of China” ၊ တရုတ်ဂန္ထဝင်ရုပ်သံဇာတ်လမ်းတွဲ “ခန်းဆောင်နီ အိပ်မက်” နှင့် “အနောက်သို့ခရီးသွားခြင်း” စသည့် ကောင်းမွန်သောလက်ရာများကို ပြသသွားမည် ဖြစ်ပြီး တရုတ်ရိုးရာယဉ်ကျေးမှု၏ အနှစ်သာရများနှင့် ခေတ်ကာလသစ် လူမှုရေး၊ ယဉ်ကျေးမှုအသွင်အပြင်သစ်များကို ကျယ်ကျယ်ပြန့်ပြန့် တင်ဆက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117