Connect with us

Media

ဟန်ဂေရီနိုင်ငံက COVID-19 ရောဂါဖြစ်ပွားပြီးနောက် ပထမဆုံး တရုတ်ခရီးသွားအဖွဲ့အား ကြိုဆို

ဘူဒါပတ်စ် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံ၌ COVID-19 lockdown ချမှတ်ချိန်မှစတင်ကာ ပထမဆုံး တရုတ်ခရီးသွားအဖွဲ့ တစ်ဖွဲ့အား တင်ဆောင်လာသည့် တရုတ်နိုင်ငံ ချုံချင့်မြို့မှ Air China လေယာဉ်ခရီးစဉ်အမှတ် CA435 သည် ဘူဒါပတ်စ်လေဆိပ်သို့ ဧပြီ ၅ ရက် အစောပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လူဦးရေ ၁၇ ဦးပါဝင်သော တရုတ်ခရီးသွားအဖွဲ့အား အထူးအခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသည့် ဟန်ဂေရီလူငယ်အဖွဲ့တစ်ဖွဲ့ လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ဟန်ဂေရီအစိုးရတာဝန်ရှိသူများနှင့် တရုတ်နိုင်ငံသံရုံး ကိုယ်စားလှယ်များကလည်း အခမ်းအနားတွင် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
Hungary welcomes first Chinese tour group after COVID-19
Air China Flight CA435 from Chongqing arrived at Budapest Airport early on Wednesday carrying the first batch of Chinese group tourists since the COVID-19 lockdown.
The 17-strong group was welcomed by a special ceremony and gifts were handed over by a group of young Hungarians dressed in national folk costumes. Hungarian government officials and representatives of the Chinese Embassy were also in attendance.
Xinhua News Agency correspondents reporting from Budapest.
(XHTV)