
ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ဟွမ်ကျစ်ရုန်သည် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ရီးခရိုင် ရှီထျင်ရွာသို့ ပြန်လည်ရောက်ရှိလာပြီး ပြိုကျလုနီးပါး ဟွေးကျိုးနေအိမ်အဟောင်းတစ်ခုကို တည်းခိုခန်းအဖြစ် ပြုပြင်မွမ်းမံလိုက်သည်။ ၁၀ နှစ်အကြာတွင် ၎င်း၏သားဖြစ်သူ ဟွမ်ရှန့်ဟောင်က ရွာကိုပြန်လာပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ရောင်စုံမီးပုံးအလုပ်ရုံ ဖွင့်လှစ်ခဲ့သည်။ သားအဖနှစ်ဦး မျိုးဆက်နှစ်ဆက်၏ လက်ဆင့်ကမ်းမှုကြောင့် တိတ်ဆိတ်နေပြီဖြစ်သည့် ထျင်ရွာလေးတွင် လူငယ်များ၏ အရိပ်အယောင်များကို တွေ့မြင်လာရသည်။
ရှေးဟောင်းဘုံကျောင်းများလည်း မီးရောင်များဖြင့် ပြန်လည်ထွန်းလင်းလာပြီး အန်းဟွေးပြည်နယ် ဒေသအသီးသီးမှ လူငယ်များအတူစုဝေးကာ ရောင်စုံပန်းချီ မီးပုံးများ ပြုလုပ်ကြသည်။ ရွာထဲမှ ဝါရင့်ဝါးနှီးခွာသည့် ပညာရှင်များကလည်း ဝါးနှီးခွာဓားကို ပြန်လည်ကိုင်ဆောင်ပြီး ရောင်စုံမီးပုံးများ ပြုလုပ်ရန်အတွက် ဝါးနှီးကုန်ကြမ်း ပံ့ပိုးပေးကာ သမားရိုးကျ လက်မှုပညာကို ရှင်သန်စွမ်းအားများဖြင့် သစ်လွင်စေခဲ့သည်။
ဟွမ်ကျစ်ရုန်က ကျေးလက်ရှင်သန်တိုးတက်ခြင်းသည် နောက်ဆုံးတွင် ပြည်သူများကိုသာ အားကိုးရသည်ဟု ဆိုသည်။ ဟွမ်ရှန့်ဟောင်က ကျေးရွာသည် လူနေမှုဘဝပုံစံ ပြောင်းလဲသွားမှုကြောင့် ပျောက်ကွယ်သွားမည် မဟုတ်ဘဲ ဘဝသစ်စက်ဝန်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားမည်သာဖြစ်သည်ဟု ယူဆသည်။
ရှီထျင်ရွာတွင် ပိုမိုများပြားသည့် လူငယ်များ အခြေချနေထိုင်လာကြသည်နှင့်အမျှ အဆိုပါ ရှေးဟောင်းရွာလေးတွင်လည်း ကိုယ်ပိုင်အကြောင်းအရာအသစ်များ စတင်နေပြီဖြစ်သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
村里来了年轻人——小黄和老黄的故事
新华社照片,北京,2026年7月23日
十多年前,黄智勇回到安徽黟县石亭村,将一座濒临倒塌的徽州老宅修缮成民宿;十多年后,他的儿子黄晛豪返乡创办非遗灯彩工作坊。父子两代人的接力,让沉寂已久的石亭村有了年轻人的身影。
古祠堂里重新亮起灯火,来自安徽各地的年轻人聚在一起扎灯绘彩;村里的老篾匠们也重新拿起篾刀,为灯彩制作提供竹篾原料,让传统手艺焕发新生。
黄智勇说,乡村振兴最终靠的是人。黄晛豪认为,乡村并不会因生活方式的变迁而消亡,而是进入新一轮生命周期。
当越来越多年轻人在石亭停下脚步,这座古村也迎来了属于自己的新故事。
图说1:7月10日,黄晛豪(左七)、黄智勇(左六)和同事们在灯彩工作室合影。 新华社记者 金立旺 摄
图说2:7月5日,黄晛豪(右)和父亲黄智勇在民宿“拾庭画驿”合影。新华社记者 金立旺 摄








