တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ယွီဟွေ့ခရိုင် ယန်ချင့်လမ်းပေါ်ရှိ ပြည်တွင်းထုတ် ကုန်အမှတ်တံဆိပ် ဖိနပ်နှင့် အဝတ်အထည်ဆိုင်တစ်ဆိုင်တွင် မလေးရှားခရီးသွားဧည့်သည့် Thaqifah (ဝဲ) နှင့် Bell တို့က ဝယ်ယူထားသော ဖိနပ်များ ပြသနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ယွီဟွေ့ခရိုင် ယန်ချင့်လမ်းပေါ်ရှိ ပြည်တွင်းထုတ် ကုန်အမှတ်တံဆိပ် ဖိနပ်နှင့် အဝတ်အထည်ဆိုင်တစ်ဆိုင်တွင် မလေးရှားခရီးသွားဧည့်သည့် Thaqifah (ဝဲ) နှင့် Bell တို့က ဝယ်ယူထားသော ဖိနပ်များ ပြသနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်ရရှိသည့် “မိတ်ဆွေ အသိုင်းအဝိုင်း” စဉ်ဆက်မပြတ် တိုးချဲ့လာသည်နှင့်အမျှ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ရှန်ဟိုင်းမြို့သို့ ဝင်ရောက်လာသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်ဦးရေမှာ ယခင်နှစ် ကာလတူထက် ၂၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

ပြည်ဝင်ခရီးသွားဧည့်သည်များ၏ သုံးစွဲမှု အချက်အလက်များတွင် ဦးတည်ရာအသစ် တစ်ခုကို ထင်ရှားပေါ်လွင်နေသည်မှာ နိုင်ငံခြား ခရီးသွားဧည့်သည်များသည် လက်ဖက်ခြောက်၊ ပိုးထည် စသည့် ရိုးရာထူးခြားမှုရှိသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူခြင်း မဟုတ်တော့ဘဲ ဆိုရှယ်မီဒီယာပေါ်ရှိ လမ်းညွှန်ချက်များကို မှီငြမ်းကြည့်ရှု၍ သေတ္တာအိတ်များ၊ ဖိနပ်များနှင့် အဝတ်အထည်များစသည့် တရုတ်နိုင်ငံ မူလဖန်တီးမှု ဒီဇိုင်းဖြင့်ထုတ်လုပ်ထားသော ပစ္စည်းများ လာရောက် ဝယ်ယူလာကြသည်။

ယခင်က တရုတ်နိုင်ငံသားများ ပြည်ပသို့သွားရောက်၍ နိုင်ငံခြားကုန်ပစ္စည်းများ ဝယ်ယူခဲ့ကြသော်လည်း ယခုအခါတွင်မူ နိုင်ငံခြား ခရီးသွားဧည့်သည်များက တရုတ်နိုင်ငံသို့ လာရောက်၍ “ပြောင်းပြန် နိုင်ငံခြားဈေးဝယ်ထွက်ခြင်း” ပြုလုပ်လာကြပြီး တစ်မူထူးခြားသော မူလဖန်တီးမှု ဒီဇိုင်းဖြင့်ထုတ်လုပ်ထားသော ပစ္စည်းများသည် ပြည်တွင်း ဝင်ရောက်သုံးစွဲမှု၏ ရေပန်းစားမှုအသစ် ဖြစ်လာခဲ့သည်။ (Xinhua)

.............................

(Chinese Version)

免签扩容带动“反向海淘” “中国设计”成入境消费新热点

新华社照片,上海,2026年7月23日

随着我国互免签证“朋友圈”持续扩容,2026年上半年,上海入境外籍旅客同比增长22%。入境消费数据凸显新趋势:海外游客不再只选购茶叶、丝绸等传统特色商品,而是参照社交平台攻略,前来选购箱包、鞋履、服饰等中国原创设计产品。以往国人出境采购海外商品,如今外国游客来华“反向海淘”,独具特色的中国原创设计产品已成为入境消费新热点。

图说1:7月22日,在上海市徐汇区延庆路的一家本土品牌鞋服店,马来西亚游客塔奇法(左)、贝尔展示购买的鞋子。 新华社记者 王翔 摄

图说2:7月22日,在上海市黄浦区南外滩轻纺面料市场,服装店工作人员为法国游客马夏尔测量尺码。新华社记者 王翔 摄