တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ၄၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ ကျင်းပနေသည့် မြင်ကွင်းအား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်ချန်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၂,၀၀၀ ကျော်တိုင်တိုင် ကြွေထည်ပြုလုပ်သည့်ဖိုများ အရှိန်ပြင်းပြင်း တောက်လောင်လျက်ရှိသည့် ကျင်တယ်ကျိန့်မြို့သည် မီး၊ ရွှံ့စေးနှင့် လူသားတို့၏ အဆုံးမရှိသော လက်မှုဖန်တီးမှု အတတ်ပညာတို့ဖြင့် ပုံဖော်တည်ဆောက်ထားသည့် ယင်း၏ သမိုင်းဖြစ်စဉ်နှင့်အတူ ကမ္ဘာကြီး၏ အာရုံစိုက်မှုကို တဖန် ဆွဲဆောင်လျက်ရှိသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) သည် တရုတ်နိုင်ငံ၏ ကျင်တယ်ကျိန့် လက်မှုကြွေထည်လုပ်ငန်း အမွေအနှစ်နေရာအား ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းရန် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ဇူလိုင် ၂၅ ရက်၌ ကျင်းပသည့် ၄၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ၌ အတည်ပြုခဲ့သည်။

သို့ဖြစ်၍ တရုတ်နိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၆၁ ခုအထိ ရှိလာပြီဖြစ်သည်။

ယင်းသည် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် လုပ်ငန်းအမွေအနှစ်တစ်ခုကို ပထမဆုံးအကြိမ် အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်သလို ကြွေထည်နှင့်သက်ဆိုင်သည့် ပထမဆုံးသော ကမ္ဘာ့အမွေအနှစ် နေရာလည်းဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်တွင် တည်ရှိသော ကျင်တယ်ကျိန့် လက်မှုကြွေထည်လုပ်ငန်း အမွေအနှစ်နေရာသည် ၁၀ ရာစုမှ ၁၉ ရာစုအထိ ကျင်တယ်ကျိန့်မြို့တွင် တီထွင်ဖန်တီးခဲ့သော လက်မှုကြွေထည်လုပ်ငန်းစနစ်ကို ကိုယ်စားပြုသည့် အမွေအနှစ်နေရာများ စုဝေးနေသော နေရာလည်းဖြစ်သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260725/c07ded1c7a614e3796db289847621f99/c.html

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၅ ရက်က ကျင်းပသည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ၄၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံတွင် တရုတ်နိုင်ငံ၏ ကျင်တယ်ကျိန့် လက်မှုကြွေထည်လုပ်ငန်း အမွေအနှစ်နေရာအား ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းမှုအပေါ် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များက လက်ခုပ်တီးကာ ဂုဏ်ပြုနေစဉ် (ဆင်ဟွာ)

...................................................................................

(English Version)

Jingdezhen Handicraft Porcelain Industry Sites inscribed as UNESCO World Heritage

NANCHANG, July 25 (Xinhua) -- Jingdezhen, China's "porcelain capital" where kiln fires have blazed for over 2,000 years, has once again drawn the world's gaze with its story etched in fire, clay and endless creativity of the human hand.

The United Nations Educational, Scientific and Cultural Organization (UNESCO) added China's Jingdezhen Handicraft Porcelain Industry Sites to the World Heritage List on Saturday during the 48th session of the World Heritage Committee held in Busan, the Republic of Korea.

The inscription brings the total number of World Heritage sites in China to 61.

It marks the first time that China has nominated an industrial heritage site for World Heritage status, and it is also the first World Heritage site themed around porcelain.

Situated in east China's Jiangxi Province, Jingdezhen Handicraft Porcelain Industry Sites are a group of heritage sites representing the handicraft porcelain industry system that developed in Jingdezhen from the 10th to the 19th century.

https://english.news.cn/20260725/c07ded1c7a614e3796db289847621f99/c.html

English Caption 1

This photo taken on July 25, 2026 shows a scene during the 48th session of the World Heritage Committee in Busan, South Korea. (Xinhua/Yao Qilin)

English Caption 2

Chinese delegates celebrate the inscription of China's Jingdezhen Handicraft Porcelain Industry Sites on the United Nations Educational, Scientific and Cultural Organization (UNESCO) World Heritage List during the 48th session of the World Heritage Committee in Busan, South Korea, July 25, 2026.(Xinhua/Yao Qilin)